Apple ကနေ မနှစ်ကထုတ်လုပ်ထားတဲ့ iPhone X ဟာ Apple ရဲ့ ပထမဆုံးသော ဘေးဘောင်မဲ့စမတ်ဖုန်းဖြစ်လာခဲ့ပြီး ဖုန်း Display ရဲ့ အပေါ်ဘက်မှာပဲ Face ID အတွက် နေရာပေးလိုက်ရတဲ့အတွက် Notch Bar ရှိနေခဲ့တာဖြစ်ပါတယ်။

Apple ဟာ အဆိုပါ iPhone X ရဲ့ Notch Bar ကြောင့် ဝေဖန်မှုတွေခံခဲ့ရပေမယ့် အခုအချိန်မှာတော့ Vivo ကုမ္ပဏီကလည်း iPhone X နဲ့ တူညီတဲ့ Notch Bar ပါဝင်တဲ့ စမတ်ဖုန်းတစ်ခုကို ထုတ်လုပ်ဦးမယ့်ပုံပါပဲ။

Vivo ရဲ့ အခု စမတ်ဖုန်းဟာ Vivo X30 လို့နာမည်ပေးထားပြီးတော့ iPhone X လိုမျိုး Full Screen Display အပြင် Display ရဲ့ အပေါ်ဘက်မှာလည်း Front Camera နဲ့ Earpiece အတွက် Notch Bar တစ်ခုပါဝင်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Apple iPhone X လိုတော့ Face ID လိုစနစ်ပါဝင်မှာတော့မဟုတ်ပါဘူး။

Vivo ရဲ့ အခု X30 စမတ်ဖုန်း ဒီဇိုင်းက iPhone X နဲ့ တူညီတယ်ဆိုပေမယ့် လက်ရှိ Vivo ကနေ ထုတ်လုပ်ခဲ့သမျှ စမတ်ဖုန်းတွေထဲမှာ ဘေးဘောင်တွေအပါးဆုံးစမတ်ဖုန်းတစ်ခုဖြစ်ပြီးတော့ Vivo က X20 Plus UD စမတ်ဖုန်းမှာလိုမျိုးပဲ Display အောက်မှာမြုပ်ထားတဲ့ Fingerprint Scanner ပါဝင်လာမယ်လို့ ယူဆရပါတယ်။