vivo က အရင်နှစ် ဧပြီလတုန်းက တရုတ်မှာ Snapdragon 8 Gen 1 SoC ပါတဲ့ X Fold ကို ကြေညာခဲ့ပြီး အခုတော့ vivo X Fold2 ဟာ Snapdragon 8 Gen 2 ပါတဲ့ ကမ္ဘာ့ ပထမဆုံး Foldable ဖုန်း ဖြစ်လာမယ်လို့ သတင်းထွက်လာပါတယ်။

Vivo X Fold 2 to deliver big battery, Snapdragon 8 Gen 2

နာမည်ကြီး Tipster Digital Chat Station က ဒီသတင်းကို မျှဝေလိုက်တာ ဖြစ်ပြီး သူက vivo X Fold2 မှာ 4,800mAh ဘက်ထရီ တပ်ဆင်ထားမှာ ဖြစ်ပြီး X Fold ထက် 200mAh နဲ့ X Fold Plus ထက် 70mAh ပိုများလာမှာပါ။

Vivo X Fold 2 Battery, Charging Capabilities Leaked - Gizmochina

vivo X Fold2 မှာ 120W Wired Charging ထည့်သွင်းထားမှာ ဖြစ်ပြီး X Fold ရဲ့ 66W နဲ့ X Fold Plus ရဲ့ 80W Charging Speed  ထက် ပိုကောင်းလာမှာပါ။

vivo X Fold Plus ဟာ X Fold လို တရုတ်မှာပဲ ရောင်းချထားပြီး X Fold Plus မှာ X Fold ထက် ပိုမြန်တဲ့ Chipset ထည့်သွင်းထားပါတယ်။ ဒါ့အပြင် ပိုမြန်တဲ့ Wired Charging ပါလာသလို အနီရောင် မော်ဒယ်ကို အပို ထုတ်လုပ်ပေးထားပါတယ်။ vivo X Fold Plus မှာ Snapdragon 8+ Gen 1 Chipset၊ 80W Wired Charging  နဲ့ X Fold မှာ Snapdragon 8 Gen 1 Chipset ၊ 66W Wired Charging တပ်ဆင်ထားပါတယ်။

ref : gsmarena