vivo X100 Pro ဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းက ထွက်ခဲ့တဲ့ အကောင်းဆုံး ကင်မရာ ဖုန်းတွေထဲက ၁ လုံး ဖြစ်ပါတယ်။ vivo က ဒါနဲ့တင် မကျေနပ်သေးပါဘူး။ အခုတော့ vivo ထုတ်ကုန် ဌာနရဲ့ ဒုတိယဥက္ကဌ Huang Tao က vivo ဟာ ဖုန်းပြောနိုင်တဲ့ ပရော်ဖက်ရှင်နယ် ကင်မရာ ၁ လုံးကို ဖန်တီးနေတယ်လို့ ပြောပါတယ်။

vivo X100 Ultra will be ''a professional camera that can make calls'', exec says

အဲဒီဖုန်းဟာ vivo X100 Ultra ဖြစ်နိုင်ပြီး လျှို့ဝှက်အမည်က Thanos ဖြစ်ပါတယ်။ Huang Tao က X100 Ultra ကို လူတွေ အလွန် စိတ်ဝင်စားလို့ ကျေးဇူးတင်ပြီး မကြာခင် ကြေညာမယ်လို့ ပြောပါတယ်။ ပေါက်ကြားသတင်းအရ နောက်လမှာ ဖြစ်နိုင်ပါတယ်။

Vivo X100 Pro: groundbreaking mobile photography features by Jose Antunes -  ProVideo Coalition

ပေါက်ကြားသတင်းအရ vivo X100 Ultra မှာ Quad HD+ E7 AMOLED Display ပါလာမှာ ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။ Snapdragon 8 Gen 3 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 50MP Sony Lytia LTY-900 Main ကင်မရာ၊ Ultrawide ၊ Telephoto နဲ့ အပို 200MP Periscope Telephoto ကင်မရာတွေ တပ်ဆင်ထားမှာပါ။ 4.3x Optical Zoom နဲ့ 200x Digital Zoom ကို ထောက်ပံ့ပေးမှာပါ။ အဲဒီဖုန်းမှာ ဂြိုလ်တု ဆက်သွယ်ရေးလည်း ပါလာနိုင်ပါတယ်။

Ref : gsmarena