vivo ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက တရုတ်နိုင်ငံတွင်းမှာ vivo X100 နဲ့ X100 Pro ဖုန်းတွေကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ vivo X100 Series ဖုန်းတွေဟာ MediaTek Dimensity 9300 Chipset ကို အသုံးပြုထားတဲ့အပြင် Camera ပိုင်းမှာ ZEISS နဲ့ပူးပေါင်းပြီး ကင်မရာအရည်အသွေးပိုင်းကို သိသိသာသာအဆင့်မြှင့်တင်ထားတဲ့ဖုန်းတွေဖြစ်ပါတယ်။

အခုအချိန်မှာ vivo ရဲ့ Global Website မှာ vivo X100 Series ဖုန်းတွေကို တရုတ်နိုင်ငံပြင်ပ တကမ္ဘာလုံးစျေးကွက်အတွက် မိတ်ဆက်မယ့်အချိန်ကို တရားဝင်ဖော်ပြလိုက်ပြီဖြစ်ပါတယ်။ အဆိုပါသတင်းအရ vivo ဟာ လာမယ့် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ Global Launch Event ပြုလုပ်ပြီး တကမ္ဘာလုံးအတွက် မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

vivo X100 နဲ့ 100 Pro ဖုန်းတွေဟာ Dimensity 9300 Chipset အပြင် တခြားသော Display ၊ Design ပိုင်းတွေမှာလည်း အတူတူပဲလို့ပြောနိုင်ပြီး Camera နဲ့ Battery ပိုင်းမှာပဲ အနည်းငယ်ကွာခြားသွားမှာဖြစ်ပါတယ်။ Battery ပိုင်းမှာ vivo X100 ဖုန်းဟာ 120W Fast Charging ပါဝင်တဲ့ 5000mAh Battery ပါဝင်ပြီး vivo X100 Pro ဖုန်းက 100W Wired Fast Charging ၊ 50W Wireless Charging ပါဝင်တဲ့ 5400mAh Battery ကို အသုံးပြုထားမှာဖြစ်ပါတယ်။

Camera ပိုင်းမှာ vivo X100 ဖုန်းဟာ 50MP 1/1.49″ Primary Camera အပြင် 3x Optical Zoom ပါဝင်သည့် 64MP 70mm Periscope Telephoto Sensor ကို အသုံးပြုထားပြီး vivo X100 Pro က 50MP 1/0.98″ Primary Camera ၊ 4.3x Optical Zoom ပါဝင်သည့် 50MP 100mm Periscope Telephoto Sensor ကို အသုံးပြုထားပါတယ်။ Ultrawide Camera အနေနဲ့ကတော့ ဖုန်းနှစ်လုံးစလုံးမှာ 50MP Sensor ပါဝင်မှာဖြစ်ပါတယ်။

vivo X100 Series ကို Global စျေးကွက်မှာ ဒီဇင်ဘာလ ၁၄ရက်နေ့မှာ တရားဝင်မိတ်ဆက်မှာဖြစ်ပေမယ့် ရောင်းချမယ့်အချိန်ကိုတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။

Ref – GSM Arena