Zawgyi

Vivo X စီးရီးေတြရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္း ျဖစ္တဲ့ Vivo X23 ကို တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္သြားၿပီ ျဖစ္ပါတယ္။ Vivo X23 ဟာ Waterdrop Display Notch နဲ႔ In-display Fingerprint Sensor ပါဝင္တဲ့ စမတ္ဖုန္းအျဖစ္ ပြဲထြက္လာခဲ့တာ ျဖစ္ပါတယ္။

Vivo X23 Specifications

Vivo X23 ရဲ႕ Display အပိုင္းအတြက္ ၆.၄၁ လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ Full-HD+ Super AMOLED Display ကို အသုံးျပဳထားၿပီး Resolution ကေတာ့ 1080 x 2340 pixels ရွိပါမယ္။ Processor အပိုင္းအတြက္ Qualcomm Snapdragon 670 SoC ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 8GB ပါဝင္မွာပါ။ Memory Storage ကိုေတာ့ 128GB အထိ ထည့္သြင္းေပးထားပါတယ္။

ေနာက္ေက်ာဘက္ ကင္မရာအပိုင္းအတြက္ 12MP+13MP Dual Camera ေတြကို တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 12MP Camera ကို တပ္ဆင္ထားပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏအေနနဲ႔ 3400mAh ထည့္သြင္းေပးထားၿပီး 22.5W အျမန္အားသြင္းစနစ္လည္း ပါဝင္မွာ ျဖစ္ပါတယ္။ Security အပိုင္းအတြက္ Display ေအာက္မွာ ျမႇပ္ႏွံထားတဲ့ In-display Fingerprint Sensor ကို အသုံးျပဳႏိုင္မွာပါ။ အေလးခ်ိန္ကေတာ့ ၁၆၀.၅ ဂရမ္ရွိပါတယ္။

Vivo X23 ကို အေရာင္ေတြ အေနနဲ႔ Fashion Orange, Fashion Purple, Midnight Blue, Phantom Purple, Phantom Red ဆိုၿပီး အေရာင္ ၅မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာပါ။ Vivo X23 ကို တ႐ုတ္ႏိုင္ငံမွာ ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းကေတာ့ တ႐ုတ္ယြမ္ ၃၄၉၈ (ျမန္မာေငြ ၈သိန္းဝန္းက်င္) က်သင့္မွာ ျဖစ္ပါတယ္။

Ref: gadgets.ndtv

Unicode

In-display Fingerprint Sensor နဲ့ Waterdrop Notch ပါတဲ့ Vivo X23 ကို တရားဝင် မိတ်ဆက်

Vivo X စီးရီးတွေရဲ့ မျိူးဆက်သစ် စမတ်ဖုန်း ဖြစ်တဲ့ Vivo X23 ကို တရုတ်နိုင်ငံမှာ မိတ်ဆက်သွားပြီ ဖြစ်ပါတယ်။ Vivo X23 ဟာ Waterdrop Display Notch နဲ့ In-display Fingerprint Sensor ပါဝင်တဲ့ စမတ်ဖုန်းအဖြစ် ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

Vivo X23 Specifications

Vivo X23 ရဲ့ Display အပိုင်းအတွက် ၆.၄၁ လက်မ မျက်နှာပြင် အကျယ်ရှိ Full-HD+ Super AMOLED Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2340 pixels ရှိပါမယ်။ Processor အပိုင်းအတွက် Qualcomm Snapdragon 670 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 8GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 128GB အထိ ထည့်သွင်းပေးထားပါတယ်။

နောက်ကျောဘက် ကင်မရာအပိုင်းအတွက် 12MP+13MP Dual Camera တွေကို တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 12MP Camera ကို တပ်ဆင်ထားပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 3400mAh ထည့်သွင်းပေးထားပြီး 22.5W အမြန်အားသွင်းစနစ်လည်း ပါဝင်မှာ ဖြစ်ပါတယ်။ Security အပိုင်းအတွက် Display အောက်မှာ မြှပ်နှံထားတဲ့ In-display Fingerprint Sensor ကို အသုံးပြုနိုင်မှာပါ။ အလေးချိန်ကတော့ ၁၆၀.၅ ဂရမ်ရှိပါတယ်။

Vivo X23 ကို အရောင်တွေ အနေနဲ့ Fashion Orange, Fashion Purple, Midnight Blue, Phantom Purple, Phantom Red ဆိုပြီး အရောင် ၅မျိူး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ Vivo X23 ကို တရုတ်နိုင်ငံမှာ ရောင်းချသွားမယ့် စျေးနှုန်းကတော့ တရုတ်ယွမ် ၃၄၉၈ (မြန်မာငွေ ၈သိန်းဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။

Ref: gadgets.ndtv