Zawgyi
Ref:gadgets.ndtv
Unicode
စက်တင်ဘာလ ၆ရက်နေ့မှာ မိတ်ဆက်သွားမယ့် Vivo X23
Vivo အနေနဲ့ X21 ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းဖြစ်တဲ့ Vivo X23 ကို နောက်လ ၆ရက်နေ့မှာ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ Vivo X21 ကို ပြီးခဲ့တဲ့ မတ်လတုန်းက မိတ်ဆက်ပေးခဲ့တာပြီး အခုအခါမှာတော့ Vivo X23 ကို ထပ်မံမိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။
Vivo X23 နဲ့ ပတ်သတ်ပြီး စက်တင်ဘာလ ၆ရက်နေ့မှာ တရုတ်နိုင်ငံတွင် စတင်မိတ်ဆက်သွားမယ့်အကြောင်းကို Vivo က Weibo ရှိ သူတို့ရဲ့ တရားဝင် စာမျက်နှာကနေ တစ်ဆင့် မျှဝေခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာအနှံ့အပြားကို ဖြန့်ချီသွားမယ့် နေ့ရက်ကိုတော့ ထုတ်ပြန်ကြေငြာသွားခြင်း မရှိပါဘူး။
Vivo X23 ရဲ့ Screen-to-body ratio ဟာ 91.2 percent အထိရှိနိုင်ပြီး စတုတ္ထမျိူးဆက် In-display Fingerprint Scanner ကို အသုံးပြုထားနိုင်ပါတယ်။ ဒါ့အပြင် 3D Face Recognition နည်းပညာလည်း ပါဝင်လာနိုင်ဖွယ် ရှိပြီး Waterdrop Notch Display နဲ့ ပွဲထွက်လာမယ်လို့ သိရပါတယ်။ Vivo X23 ရဲ့ မျက်နှာပြင်အကျယ်ဟာ ၆.၄လက်မ အထိ ရှိနိုင်ပါတယ်။ Processor အပိုင်းအတွက် Qualcomm ရဲ့ Snapdragon 670 SoC ကို အသုံးပြုထားနိုင်ပြီး RAM အနေနဲ့ 8GB အထိ ပါဝင်နိုင်ဖွယ် ရှိကြောင်း ကျွမ်းကျင် ပညာရှင်များက ခန့်မှန်းပြောဆိုထားကြပါတယ်။
Ref:gadgets.ndtv