[Zawgyi]

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလကုန္ရက္တုန္းက Vivo ရဲ႕ ထုတ္ကုန္သစ္ျဖစ္တဲ့ Vivo X27 ကိုTENAA မွာ ေတြ႕ျမင္ခဲ့ရပါတယ္။ ဒီတုန္းကေတာ့ ေမာ္ဒယ္နံပါတ္ အခ်ိဳ႕နဲ႔ အစိတ္အပိုင္းအေၾကာင္းအရာအခ်ိဳ႕ကိုသာ သိခဲ့ရတာျဖစ္ၿပီး အျခားအခ်က္အလက္ေတြကိုသိဖို႔ ေစာင့္ဆိုင္းခဲ့ရပါတယ္။

ဒါေပမယ့္ ဒီမတ္လဆန္းပိုင္းမွာေတာ့ Vivo X27 ကို ျဖန႔္ခ်ိမယ့္ရက္ကို သိရွိလိုက္ရၿပီျဖစ္ပါတယ္။ ထြက္ေပၚလာတဲ့ သတင္းအရ မတ္လ ၁၉ ရက္ေန႔မွာ ဒီဖုန္းကို တရားဝင္ ျဖန႔္ခ်ိသြားမွာပါ။ ဒါ့အျပင္ TENAA မွာလည္း ဖုန္းနဲ႔ပတ္သက္တဲ့ ႐ုပ္ပုံေတြကို ထပ္တင္ေပးခဲ့တဲ့အတြက္ ဒီဇိုင္းပိုင္းကို ပိုၿပီး သိလာရၿပီ ျဖစ္ပါတယ္။

႐ုပ္ပုံေတြအရဆိုရင္ေတာ့ Vivo X27 ဟာ ၿပီးခဲ့တဲ့လက ေၾကညာခဲ့တဲ့ Vivo V15 Pro နဲ႔ ဒီဇိုင္းပိုင္း ဆင္တူတယ္လို႔ ဆိုရမွာပါ။ ေက်ာဘက္မွာ ကင္မရာသုံးလုံး တပ္ဆင္ထားတာေတြ႕ရၿပီး မ်က္ႏွာျပင္ကလည္း Notch ပါဝင္တာကို မေတြ႕ရပါဘူး။ ေပါက္ၾကားလာတဲ့ ပိုစတာေတြမွာလည္း Pop-up ကင္မရာနဲ႔ျဖစ္ေၾကာင္း ေတြ႕ျမင္ေနရပါၿပီ။

Vivo X27 ရဲ႕ ေက်ာျပင္မွာ Fingerprint Scanner ကို မေတြ႕ရတာေၾကာင့္ V15 Pro လိုပဲ In-Display Fingerprint ဆိုတာကို အတည္ျပဳႏိုင္ၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဖုန္းဟာ အနည္းဆုံး ေ႐ႊေရာင္နဲ႔ အျပာေရာင္ ႏွစ္ေရာင္ကို ေ႐ြးခ်ယ္ႏိုင္မယ္လို႔လည္း သိရပါတယ္။

Vivo X27 ဟာ Kirin 710 SoC, 8GB RAM နဲ႔ ထြက္လာမယ္ဆိုတာကိုေတာ့ TENAA မွာ ေတြ႕ျမင္ခဲ့ရၿပီး ျဖစ္ပါတယ္။ AMOLED display ဟာ 6.39-inch ျဖစ္ၿပီး 2340 x 1080 pixels resolution လည္း ျဖစ္ပါတယ္။ Selfie ကင္မရာကေတာ့ 16MP sensor နဲ႔ျဖစ္ၿပီး ေက်ာဘက္ ကင္မရာသုံးလုံးကေတာ့ 48MP+13MP+5MP အသီးသီး ျဖစ္ၾကပါတယ္။ ဘက္ထရီပမာဏကေတာ့ 3,920mAh ျဖစ္ၿပီး သိုေလွာင္မႈပမာဏအျဖစ္ 256GB နဲ႔အထက္ ျဖစ္လာဖြယ္ ရွိပါတယ္။

Ref: GSMArena

[Unicode]

Vivo X27 ဖြန့်ချိမယ့်ရက်နဲ့ ရုပ်ပုံအချို့ ထွက်ပေါ်လာ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ရက်တုန်းက Vivo ရဲ့ ထုတ်ကုန်သစ်ဖြစ်တဲ့ Vivo X27 ကိုTENAA မှာ တွေ့မြင်ခဲ့ရပါတယ်။ ဒီတုန်းကတော့ မော်ဒယ်နံပါတ် အချို့နဲ့ အစိတ်အပိုင်းအကြောင်းအရာအချို့ကိုသာ သိခဲ့ရတာဖြစ်ပြီး အခြားအချက်အလက်တွေကိုသိဖို့ စောင့်ဆိုင်းခဲ့ရပါတယ်။

ဒါပေမယ့် ဒီမတ်လဆန်းပိုင်းမှာတော့ Vivo X27 ကို ဖြန့်ချိမယ့်ရက်ကို သိရှိလိုက်ရပြီဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းအရ မတ်လ ၁၉ ရက်နေ့မှာ ဒီဖုန်းကို တရားဝင် ဖြန့်ချိသွားမှာပါ။ ဒါ့အပြင် TENAA မှာလည်း ဖုန်းနဲ့ပတ်သက်တဲ့ ရုပ်ပုံတွေကို ထပ်တင်ပေးခဲ့တဲ့အတွက် ဒီဇိုင်းပိုင်းကို ပိုပြီး သိလာရပြီ ဖြစ်ပါတယ်။

ရုပ်ပုံတွေအရဆိုရင်တော့ Vivo X27 ဟာ ပြီးခဲ့တဲ့လက ကြေညာခဲ့တဲ့ Vivo V15 Pro နဲ့ ဒီဇိုင်းပိုင်း ဆင်တူတယ်လို့ ဆိုရမှာပါ။ ကျောဘက်မှာ ကင်မရာသုံးလုံး တပ်ဆင်ထားတာတွေ့ရပြီး မျက်နှာပြင်ကလည်း Notch ပါဝင်တာကို မတွေ့ရပါဘူး။ ပေါက်ကြားလာတဲ့ ပိုစတာတွေမှာလည်း Pop-up ကင်မရာနဲ့ဖြစ်ကြောင်း တွေ့မြင်နေရပါပြီ။

Vivo X27 ရဲ့ ကျောပြင်မှာ Fingerprint Scanner ကို မတွေ့ရတာကြောင့် V15 Pro လိုပဲ In-Display Fingerprint ဆိုတာကို အတည်ပြုနိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဖုန်းဟာ အနည်းဆုံး ရွှေရောင်နဲ့ အပြာရောင် နှစ်ရောင်ကို ရွေးချယ်နိုင်မယ်လို့လည်း သိရပါတယ်။

Vivo X27 ဟာ Kirin 710 SoC, 8GB RAM နဲ့ ထွက်လာမယ်ဆိုတာကိုတော့ TENAA မှာ တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ AMOLED display ဟာ 6.39-inch ဖြစ်ပြီး 2340 x 1080 pixels resolution လည်း ဖြစ်ပါတယ်။ Selfie ကင်မရာကတော့ 16MP sensor နဲ့ဖြစ်ပြီး ကျောဘက် ကင်မရာသုံးလုံးကတော့ 48MP+13MP+5MP အသီးသီး ဖြစ်ကြပါတယ်။ ဘက်ထရီပမာဏကတော့ 3,920mAh ဖြစ်ပြီး သိုလှောင်မှုပမာဏအဖြစ် 256GB နဲ့အထက် ဖြစ်လာဖွယ် ရှိပါတယ်။

Ref: GSMArena