[Zawgyi]

Vivo X27 ကေတာ့ ေပါက္ၾကားမႈအစုံစုံနဲ႔ အေတာ္မ်ားမ်ားကို သိရွိၿပီးရခ်ိန္မွ တရားဝင္ Renders ေတြထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။ ၾကားထဲမွာ TENAA ကတစ္ဆင့္ သိခဲ့ရတာေတြအျပင္ ေၾကာ္ျငာအတြက္ျပဳလုပ္တဲ့ ပိုစတာႀကီးကတစ္ဆင့္လည္း Vivo X27 ရဲ႕ ပုံစံကို ျမင္ေတြ႕ခဲ့ရပါတယ္။

မတ္လ ၁၉ ရက္ေန႔မွာ မိတ္ဆက္မယ္ဆိုတဲ့ Vivo X27 ရဲ႕ တရားဝင္ Renders ကေတာ့ ၿပီးခဲ့တဲ့ ရက္ကမွ မီဒီယာစာမ်က္ႏွာေတြထက္ကို ေရာက္ရွိလာတာပါ။ Renders ေတြက ေဖာ္ျပတာကေတာ့ Emerald Green, Blue နဲ႔White Gold စတဲ့ အေရာင္သုံးမ်ိဳးေတာ့ အနည္းဆုံးရွိမယ္ဆိုတာကို သိလိုက္ရတာပါပဲ။

Pop-up Selfie ကင္မရာ သုံးထားတာေၾကာင့္ Notch မပါတဲ့ မ်က္ႏွာျပင္ ျဖစ္တယ္ဆိုတာကို အားလုံးလည္း သိၿပီးၾကမွာပါ။ ေက်ာဘက္က ကင္မရာသုံးလုံးကေတာ့ တရားဝင္ Renders ေတြမွာ ရွင္းရွင္းလင္းလင္း ျပတ္ျပတ္သားသား ျမင္ေတြ႕ေနရပါၿပီ။ ကင္မရာသုံးလုံးကို အေပၚေအာက္ တန္းစီထားၿပီး ပထမကင္မရာနဲ႔ ဒုတိယကင္မရာၾကားမွာ Flash ကို ထားရွိတာျဖစ္ပါတယ္။

အဓိက ကင္မရာကေတာ့ 48 MP နဲ႔ ျဖစ္ၿပီးေတာ့ က်န္တဲ့ ကင္မရာႏွစ္လုံးက 13MP နဲ႔ 5MP အသီးသီး ရွိၾကပါတယ္။ Selfie ကင္မရာကေတာ့ အေစာပိုင္း သတင္းထြက္ေပၚခဲ့တာက 32MP Sensor နဲ႔ဆိုေပမယ့္ ေနာက္ဆုံးထြက္ေပၚလာတဲ့သတင္းမွာေတာ့ 16MP Sensor နဲ႔ပဲျဖစ္ပါတယ္။

Snapdragon 710 SoC ျဖစ္ၿပီး 8GB RAM, 256GB Storage ျဖစ္သလို 4,000mAh ဘက္ထရီနဲ႔လည္း ျဖစ္ပါတယ္။ မ်က္ႏွာျပင္အ႐ြယ္အစားက 6.39-inch ျဖစ္ၿပီး AMOLED display အမ်ိဳးအစားျဖစ္ပါတယ္။ ေက်ာဘက္မွာ Fingerprint အတြက္ ေနရာမေတြ႕ရတာေၾကာင့္ In-Display Fingerprint ဆိုတာ ေသခ်ာသြားပါၿပီ။ မတ္လ ၁၉ ရက္ေန႔ဆိုေတာ့ အခ်က္အလက္ အမွန္ေတြကို ျပည့္ျပည့္စုံစုံသိရဖို႔ သိပ္မၾကာေတာ့ပါဘူး။

Ref: GSMArena

[Unicode]

Vivo X27 ရဲ့ တရားဝင် Renders တွေ ထွက်ပေါ်လာ

Vivo X27 ကတော့ ပေါက်ကြားမှုအစုံစုံနဲ့ အတော်များများကို သိရှိပြီးရချိန်မှ တရားဝင် Renders တွေထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ကြားထဲမှာ TENAA ကတစ်ဆင့် သိခဲ့ရတာတွေအပြင် ကြော်ငြာအတွက်ပြုလုပ်တဲ့ ပိုစတာကြီးကတစ်ဆင့်လည်း Vivo X27 ရဲ့ ပုံစံကို မြင်တွေ့ခဲ့ရပါတယ်။

မတ်လ ၁၉ ရက်နေ့မှာ မိတ်ဆက်မယ်ဆိုတဲ့ Vivo X27 ရဲ့ တရားဝင် Renders ကတော့ ပြီးခဲ့တဲ့ ရက်ကမှ မီဒီယာစာမျက်နှာတွေထက်ကို ရောက်ရှိလာတာပါ။ Renders တွေက ဖော်ပြတာကတော့ Emerald Green, Blue နဲ့White Gold စတဲ့ အရောင်သုံးမျိုးတော့ အနည်းဆုံးရှိမယ်ဆိုတာကို သိလိုက်ရတာပါပဲ။

Pop-up Selfie ကင်မရာ သုံးထားတာကြောင့် Notch မပါတဲ့ မျက်နှာပြင် ဖြစ်တယ်ဆိုတာကို အားလုံးလည်း သိပြီးကြမှာပါ။ ကျောဘက်က ကင်မရာသုံးလုံးကတော့ တရားဝင် Renders တွေမှာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်တွေ့နေရပါပြီ။ ကင်မရာသုံးလုံးကို အပေါ်အောက် တန်းစီထားပြီး ပထမကင်မရာနဲ့ ဒုတိယကင်မရာကြားမှာ Flash ကို ထားရှိတာဖြစ်ပါတယ်။

အဓိက ကင်မရာကတော့ 48 MP နဲ့ ဖြစ်ပြီးတော့ ကျန်တဲ့ ကင်မရာနှစ်လုံးက 13MP နဲ့ 5MP အသီးသီး ရှိကြပါတယ်။ Selfie ကင်မရာကတော့ အစောပိုင်း သတင်းထွက်ပေါ်ခဲ့တာက 32MP Sensor နဲ့ဆိုပေမယ့် နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းမှာတော့ 16MP Sensor နဲ့ပဲဖြစ်ပါတယ်။

Snapdragon 710 SoC ဖြစ်ပြီး 8GB RAM, 256GB Storage ဖြစ်သလို 4,000mAh ဘက်ထရီနဲ့လည်း ဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစားက 6.39-inch ဖြစ်ပြီး AMOLED display အမျိုးအစားဖြစ်ပါတယ်။ ကျောဘက်မှာ Fingerprint အတွက် နေရာမတွေ့ရတာကြောင့် In-Display Fingerprint ဆိုတာ သေချာသွားပါပြီ။ မတ်လ ၁၉ ရက်နေ့ဆိုတော့ အချက်အလက် အမှန်တွေကို ပြည့်ပြည့်စုံစုံသိရဖို့ သိပ်မကြာတော့ပါဘူး။

Ref: GSMArena