[Zawgyi]

Vivo X27 ဖုန္းဟာ မတ္လ ၁၉ ရက္ေန႔မွာ တရားဝင္မိတ္ဆက္လာခဲ့ၿပီး V15 Pro ဟန္းဆက္ကို အနည္းငယ္ ေျပာင္းလဲတုိးျမွင့္ထားတဲ့ ပုံစံျဖစ္ပါတယ္။ Vivo X27 မွာ V15 Pro လိုပဲ 6.39” လက္မအရြယ္ Super AMOLED Display နဲ႔ 1080p+ Resolution ပါဝင္တယ္။ Fingerprint ကလည္း Display ေအာက္မွာပဲထည့္သြင္းလာၿပီး Notch ေတြ Camera-hole ေတြ မပါဝင္ပါဘူး။

ေနာက္ဘက္မွာေတာ့ 48MP Quad Bayer Sensor နဲ႔ Triple-camera အတြဲကိုေတြ႕ရမွာပါ။ 120° Ultra-wide ျမင္ကြင္းက်ယ္ကင္မရာက Vivo V15 Pro မွာပါဝင္တဲ့ 8MP 120° ကင္မရာထက္ ပုိေကာင္းတာကို ေတြ႕ရတယ္။ ႏွစ္မ်ဳိးလုံးမွာ 5MP Depth Sensor ေတြ အသီးသီးပါၾကပါတယ္။ ကင္မရာရဲ႕ Night Mode က ဓါတ္ပုံ ၁၂ – ၁၆ ပုံကို တစ္ပုံတည္းျဖစ္ေအာင္ ေရာစပ္လုိက္ၿပီး အေမွာင္ထဲမွာ ပိုျပတ္သားတဲ့ ပုံရိပ္တစ္ခုကို ထုတ္ေပးမွာျဖစ္ပါတယ္။

ဆယ္ဖီကင္မရာကေတာ့ V15 Pro ရဲ႕ 32MP ထက္ေလွ်ာ့ခ်ထားၿပီး 16 MP Pop-up ကင္မရာသာ ျဖစ္ပါတယ္။ ဟန္းဆက္ႏွစ္ခုလုံးမွာ Pop-up ကင္မရာေတြပဲ အသုံးျပဳထားတာျဖစ္ေပမယ့္ X27 ရဲ႕ဆယ္ဖီကင္မရာ အထုတ္အသြင္းျပဳခ်ိန္ဟာ 0.68 စကၠန္႔ၾကာျမင့္တာေၾကာင့္ V15 Pro ရဲ႕ 0.46 ထက္ပိုၾကာေနျပန္တယ္။

Vivo X27 ဖုန္းမွာ Snapdragon 710 ခ်စ္ပ္ဆက္နဲ႔အတူ 8GB RAM / 256 GB Storage မန္မုိရီတုိ႔ ပါဝင္တယ္။ ဒါကေတာ့ V15 Pro ထက္ ပိုမ်ားတဲ့ Storage ပမာဏျဖစ္ၿပီး ခ်စ္ပ္ဆက္ပုိင္းမွာ V15 Pro က Snapdragon 675 သုံးထားတဲ့အတြက္ ပိုျမန္တဲ့ CPU ကိုပုိင္ဆုိင္ေပမယ့္ GPU က်ေတာ့ ပိုေႏွးမွာပါ။

X27 မွာ သူ႕ရဲ႕အတြင္းပိုင္းကို အေအးေပးႏုိင္မယ့္ Vapor Chamber စနစ္ပါဝင္တာေၾကာင့္ စြမ္းေဆာင္ရည္ပုိင္းမွာ ပုိသိသာႏုိင္တယ္။ Android 9.0 အေျခခံထားတဲ့ Funtouch OS 9 ကို အသုံးျပဳလာပါတယ္။ ဘကၳရီက 4,000 mAh ျဖစ္တာေၾကာင့္ V15 Pro ရဲ႕ 3,700 mAh ထက္မ်ားၿပီး 18W အားအျမန္သြင္းစနစ္ တူညီစြာပါဝင္တယ္။

Vivo X27 ရဲ႕ေစ်းႏႈန္းကို တရုတ္ယြမ္ေငြ ၃,၆၀၀ (ျမန္မာေငြ ရွစ္သိန္းႏွစ္ေသာင္းခန္႔) သတ္မွတ္ထားပါတယ္။ ေစ်းႏႈန္းကလည္း V15 Pro ထက္ ပိုမ်ားေနတာကို ေတြ႕ရၿပီး ဒီဖုန္းႏွစ္လုံးဟာ တူညီတဲ့ ေစ်းကြက္တစ္ခုတည္းမွာ တၿပိဳင္တည္း ထြက္လာဖို႔ အခြင့္အေရးနည္းတယ္လို႔ ယူဆရပါတယ္။

Ref – GSM Arena

[Unicode]

Vivo X27 ဖုန်းဟာ မတ်လ ၁၉ ရက်နေ့မှာ တရားဝင်မိတ်ဆက်လာခဲ့ပြီး V15 Pro ဟန်းဆက်ကို အနည်းငယ် ပြောင်းလဲတိုးမြှင့်ထားတဲ့ ပုံစံဖြစ်ပါတယ်။ Vivo X27 မှာ V15 Pro လိုပဲ 6.39” လက်မအရွယ် Super AMOLED Display နဲ့ 1080p+ Resolution ပါဝင်တယ်။ Fingerprint ကလည်း Display အောက်မှာပဲထည့်သွင်းလာပြီး Notch တွေ Camera-hole တွေ မပါဝင်ပါဘူး။

နောက်ဘက်မှာတော့ 48MP Quad Bayer Sensor နဲ့ Triple-camera အတွဲကိုတွေ့ရမှာပါ။ 120° Ultra-wide မြင်ကွင်းကျယ်ကင်မရာက Vivo V15 Pro မှာပါဝင်တဲ့ 8MP 120° ကင်မရာထက် ပိုကောင်းတာကို တွေ့ရတယ်။ နှစ်မျိုးလုံးမှာ 5MP Depth Sensor တွေ အသီးသီးပါကြပါတယ်။ ကင်မရာရဲ့ Night Mode က ဓါတ်ပုံ ၁၂ – ၁၆ ပုံကို တစ်ပုံတည်းဖြစ်အောင် ရောစပ်လိုက်ပြီး အမှောင်ထဲမှာ ပိုပြတ်သားတဲ့ ပုံရိပ်တစ်ခုကို ထုတ်ပေးမှာဖြစ်ပါတယ်။

ဆယ်ဖီကင်မရာကတော့ V15 Pro ရဲ့ 32MP ထက်လျှော့ချထားပြီး 16 MP Pop-up ကင်မရာသာ ဖြစ်ပါတယ်။ ဟန်းဆက်နှစ်ခုလုံးမှာ Pop-up ကင်မရာတွေပဲ အသုံးပြုထားတာဖြစ်ပေမယ့် X27 ရဲ့ဆယ်ဖီကင်မရာ အထုတ်အသွင်းပြုချိန်ဟာ 0.68 စက္ကန့်ကြာမြင့်တာကြောင့် V15 Pro ရဲ့ 0.46 ထက်ပိုကြာနေပြန်တယ်။

Vivo X27 ဖုန်းမှာ Snapdragon 710 ချစ်ပ်ဆက်နဲ့အတူ 8GB RAM / 256 GB Storage မန်မိုရီတို့ ပါဝင်တယ်။ ဒါကတော့ V15 Pro ထက် ပိုများတဲ့ Storage ပမာဏဖြစ်ပြီး ချစ်ပ်ဆက်ပိုင်းမှာ V15 Pro က Snapdragon 675 သုံးထားတဲ့အတွက် ပိုမြန်တဲ့ CPU ကိုပိုင်ဆိုင်ပေမယ့် GPU ကျတော့ ပိုနှေးမှာပါ။

X27 မှာ သူ့ရဲ့အတွင်းပိုင်းကို အအေးပေးနိုင်မယ့် Vapor Chamber စနစ်ပါဝင်တာကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ ပိုသိသာနိုင်တယ်။ Android 9.0 အခြေခံထားတဲ့ Funtouch OS 9 ကို အသုံးပြုလာပါတယ်။ ဘက္ထရီက 4,000 mAh ဖြစ်တာကြောင့် V15 Pro ရဲ့ 3,700 mAh ထက်များပြီး 18W အားအမြန်သွင်းစနစ် တူညီစွာပါဝင်တယ်။

Vivo X27 ရဲ့ဈေးနှုန်းကို တရုတ်ယွမ်ငွေ ၃,၆၀၀ (မြန်မာငွေ ရှစ်သိန်းနှစ်သောင်းခန့်) သတ်မှတ်ထားပါတယ်။ ဈေးနှုန်းကလည်း V15 Pro ထက် ပိုများနေတာကို တွေ့ရပြီး ဒီဖုန်းနှစ်လုံးဟာ တူညီတဲ့ ဈေးကွက်တစ်ခုတည်းမှာ တပြိုင်တည်း ထွက်လာဖို့ အခွင့်အရေးနည်းတယ်လို့ ယူဆရပါတယ်။

Ref – GSM Arena