[Zawgyi]

Vivo ဟာ မ်ိဴးဆက္သစ္ စမတ္ဖုန္းေတြျဖစ္တဲ့ Vivo X27, X27 Pro နဲ႔ S1 တို႔ကို မၾကာခင္မွာ မိတ္ဆက္ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနေၾကာင္း သတင္းမ်ား ထြက္ေပၚလာပါတယ္။ အဆိုပါ စမတ္ဖုန္း ၃မ်ိဴးထဲမွာမွ Vivo X27 Pro က အျမင့္ဆုံး ေမာ္ဒယ္ျဖစ္ၿပီး Pop-up Selfie Camera အႀကီးႀကီးနဲ႔ ၆.၇လက္မ မ်က္ႏွာျပင္အက်ယ္ရွိတဲ့ Display ႀကီးကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။

ဒီေန႔မွာလည္း Vivo X27 Pro ရဲ႕ ေၾကာ္ျငာပိုစတာ ဓာတ္ပုံဟာ အြန္လိုင္းေပၚကို ေရာက္ရွိလို႔ လာျပန္ပါတယ္။ အဆိုပါ ဓာတ္ပုံထဲမွာဆိုရင္ Vivo X27 Pro ဟာ ပိုမိုႀကီးမားတဲ့ Pop-up Selfie Camera ႀကီးကို အသုံးျပဳထားတာ ျဖစ္ၿပီး Flash Light တစ္ခု အသစ္ပါဝင္လာတာ ေတြ႕ရပါတယ္။ ဒါ့အျပင္ In-display Fingerprint Sensor အသုံးျပဳထားကိုလည္း ေတြ႕ရပါေသးတယ္။

ေနာက္ေက်ာဘက္မွာဆိုရင္ လွပေက်ာ့ရွင္းတဲ့ ကိုယ္ထည္ဒီဇိုင္းကို အသုံးျပဳထားႏိုင္ၿပီး Vivo (X-SERIES) အမွတ္တံဆိပ္နဲ႔အတူ Triple Camera Setup ကို ေဒါင္လိုက္ ေနရာခ်ထားတာ ေတြ႕ရပါတယ္။ Triple Camera Setup ကို အလယ္တည့္တည့္မွာ တပ္ဆင္ထားတဲ့ စမတ္ဖုန္းဟာ Vivo X27 Pro ျဖစ္ၿပီး က်န္တစ္လုံးကေတာ့ X27 ျဖစ္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။ Vivo X27 Pro ရဲ႕ Triple Camera Setup မွာ 48MP+13MP+5MP Camera Sensor ေတြကို ေပါင္းစပ္တပ္ဆင္ထားၿပီး Pop-up Selfie Camera မွာေတာ့ 32MP Camera Sensor ကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။

Vivo X27 Pro ဟာ Snapdragon 710 SoC, RAM 8GB/Storage 256GB, 4000mAh (22.5W) Battery ပါဝင္တဲ့ စမတ္ဖုန္းျဖစ္ၿပီး ေစ်းႏႈန္းအေနနဲ႔ တ႐ုတ္ေငြ ၃၉၉၈ ယြမ္ (ျမန္မာေငြ ၉သိန္း ဝန္းက်င္) က်သင့္ႏိုင္တယ္လို႔ သိရပါတယ္။

Ref : Gizmochina

[Unicode]

Pop-up Selfie Camera အကြီးကြီးပါတဲ့ Vivo X27 ရဲ့ စျေးနှုန်းများ ထွက်ပေါ်

Vivo ဟာ မျိူးဆက်သစ် စမတ်ဖုန်းတွေဖြစ်တဲ့ Vivo X27, X27 Pro နဲ့ S1 တို့ကို မကြာခင်မှာ မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။ အဆိုပါ စမတ်ဖုန်း ၃မျိူးထဲမှာမှ Vivo X27 Pro က အမြင့်ဆုံး မော်ဒယ်ဖြစ်ပြီး Pop-up Selfie Camera အကြီးကြီးနဲ့ ၆.၇လက်မ မျက်နှာပြင်အကျယ်ရှိတဲ့ Display ကြီးကို အသုံးပြုထားတယ်လို့ သိရပါတယ်။

ဒီနေ့မှာလည်း Vivo X27 Pro ရဲ့ ကြော်ငြာပိုစတာ ဓာတ်ပုံဟာ အွန်လိုင်းပေါ်ကို ရောက်ရှိလို့ လာပြန်ပါတယ်။ အဆိုပါ ဓာတ်ပုံထဲမှာဆိုရင် Vivo X27 Pro ဟာ ပိုမိုကြီးမားတဲ့ Pop-up Selfie Camera ကြီးကို အသုံးပြုထားတာ ဖြစ်ပြီး Flash Light တစ်ခု အသစ်ပါဝင်လာတာ တွေ့ရပါတယ်။ ဒါ့အပြင် In-display Fingerprint Sensor အသုံးပြုထားကိုလည်း တွေ့ရပါသေးတယ်။

နောက်ကျောဘက်မှာဆိုရင် လှပကျော့ရှင်းတဲ့ ကိုယ်ထည်ဒီဇိုင်းကို အသုံးပြုထားနိုင်ပြီး Vivo (X-SERIES) အမှတ်တံဆိပ်နဲ့အတူ Triple Camera Setup ကို ဒေါင်လိုက် နေရာချထားတာ တွေ့ရပါတယ်။ Triple Camera Setup ကို အလယ်တည့်တည့်မှာ တပ်ဆင်ထားတဲ့ စမတ်ဖုန်းဟာ Vivo X27 Pro ဖြစ်ပြီး ကျန်တစ်လုံးကတော့ X27 ဖြစ်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။ Vivo X27 Pro ရဲ့ Triple Camera Setup မှာ 48MP+13MP+5MP Camera Sensor တွေကို ပေါင်းစပ်တပ်ဆင်ထားပြီး Pop-up Selfie Camera မှာတော့ 32MP Camera Sensor ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

Vivo X27 Pro ဟာ Snapdragon 710 SoC, RAM 8GB/Storage 256GB, 4000mAh (22.5W) Battery ပါဝင်တဲ့ စမတ်ဖုန်းဖြစ်ပြီး စျေးနှုန်းအနေနဲ့ တရုတ်ငွေ ၃၉၉၈ ယွမ် (မြန်မာငွေ ၉သိန်း ဝန်းကျင်) ကျသင့်နိုင်တယ်လို့ သိရပါတယ်။

Ref : Gizmochina