[Zawgyi]

Vivo ဟာ လာမယ့္ မတ္လ ၁၉ရက္ေန႔မွာ Vivo X27 ကို မိတ္ဆက္သြားမယ္ဆိုတဲ့ အေၾကာင္းကို တရားဝင္ ေၾကညာလိုက္ၿပီ ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ရက္ပိုင္းတုန္းက TENAA ကေန တစ္ဆင့္ Vivo X27 ရဲ႕ Specifications ေတြ ထြက္ေပၚခဲ့ဖူးေပမယ့္ တိက်ေသခ်ာတယ္လို႔ေတာ့ ေျပာလို႔ မရခဲ့ပါဘူး။ ဒါေပမယ့္ ဒီေန႔ထြက္ေပၚလာတဲ့ Vivo X27 ရဲ႕ Teaser ဓာတ္ပုံေတြမွာေတာ့ တိက်ေသခ်ာတဲ့ Specifications တခ်ိဴ႕ ပါဝင္လာခဲ့ပါၿပီ။

Vivo X27 အတြက္ ဖန္တီးထားတဲ့ အထက္ပါ Teaser ဓာတ္ပုံအရဆိုရင္ X27 မွာ RAM အေနနဲ႔ 8GB ပါဝင္ၿပီး Memory Storage ကို 256GB အထိ ထည့္သြင္းထားမွာပါ။ ဒါ့အျပင္ ဘက္ထရီ သိုေလွာင္မႈ ပမာဏအေနနဲ႔ 4000mAh အထိ ပါဝင္မယ္ဆိုတာကိုလည္း ေဖာ္ျပထားပါေသးတယ္။ ကြၽမ္းက်င္သူေတြကေတာ့ အဆိုပါ ဘက္ထရီကို USB Type-C ကေန တစ္ဆင့္ 22.5W အျမန္အားသြင္းစနစ္ကို အသုံးျပဳႏိုင္ေအာင္ ျပဳလုပ္ထားတယ္လို႔ ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

အထက္ပါ Teaser ဓာတ္ပုံကေတာ့ Vivo X27 မွာ 48MP Camera တပ္ဆင္ထားမယ္ဆိုတာကို ရည္ၫႊန္းေဖာ္ျပထားတာ ျဖစ္ပါတယ္။ ကြၽမ္းက်င္သူေတြကေတာ့ အဆိုပါ Camera ကို Wide-angle Lens ပါဝင္တဲ့ Triple Camera Setup ထဲမွာ ထည့္သြင္းတပ္ဆင္ထားႏိုင္ၿပီး Sony IMX586 48MP Sensor ကို အသုံးျပဳထားႏိုင္ေၾကာင္း ေျပာဆိုထားၾကပါတယ္။ ဒါ့အျပင္ Vivo X27 မွာ ညဘက္လိုမ်ိဴး အလင္းေရာင္နည္းတဲ့ အခ်ိန္အခါေတြမွာ အရည္အေသြးေကာင္းတဲ့ ဓာတ္ပုံေတြ ႐ိုက္ကူးႏိုင္ဖို႔အတြက္ သီးသန္႔ Sensor ဒါမွမဟုတ္ Night Mode အထူးျပဳလုပ္ခ်က္မ်ား ပါဝင္လာႏိုင္တယ္လို႔လည္း ခန႔္မွန္းေျပာဆိုထားၾကပါေသးတယ္။

Vivo X27 နဲ႔ပတ္သတ္ၿပီး လြန္ခဲ့တဲ့ ရက္ပိုင္းတုန္းက ထြက္ေပၚခဲ့တဲ့ အခ်က္အလက္ေတြအရဆိုရင္ X27 မွာ Snapdragon 675 အသုံးျပဳေမာ္ဒယ္နဲ႔ Snapdragon 710 အသုံးျပဳေမာ္ဒယ္ဆိုၿပီး ၂မ်ိဴး ရွိပါတယ္။ 6.39” AMOLED Display နဲ႔ In-display Fingerprint Sensor ေတြပါဝင္လာႏိုင္ၿပီး 16MP Pop-up Selfie Camera နဲ႔ 48MP+13MP(Super Wide-angle Lens)+5MP(Depth Sensor) ေတြပါတဲ့ Triple Camera Setup ကို တပ္ဆင္ထားႏိုင္ပါတယ္။ ေစ်းႏႈန္ေတြအေနနဲ႔ Snapdragon 675 ေမာ္ဒယ္က တ႐ုတ္ေငြ ၃၁၉၈ ယြမ္ (ျမန္မာေငြ ၇၂၀,၀၀၀ က်ပ္ ဝန္းက်င္) က်သင့္ႏိုင္ၿပီး Snapdragon 710 ေမာ္ဒယ္က တ႐ုတ္ေငြ ၃၅၉၈ ယြမ္ (ျမန္မာေငြ ၈သိန္း ဝန္းက်င္) က်သင့္ႏိုင္ပါတယ္။

Ref: Gizmochina

[Unicode]

Vivo X27 မှာ 48MP Camera, 8GB+256GB နဲ့ 4000mAh ဘက်ထရီတွေ ပါမယ်ဆိုတာ သေချာသွားပြီ

Vivo ဟာ လာမယ့် မတ်လ ၁၉ရက်နေ့မှာ Vivo X27 ကို မိတ်ဆက်သွားမယ်ဆိုတဲ့ အကြောင်းကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက TENAA ကနေ တစ်ဆင့် Vivo X27 ရဲ့ Specifications တွေ ထွက်ပေါ်ခဲ့ဖူးပေမယ့် တိကျသေချာတယ်လို့တော့ ပြောလို့ မရခဲ့ပါဘူး။ ဒါပေမယ့် ဒီနေ့ထွက်ပေါ်လာတဲ့ Vivo X27 ရဲ့ Teaser ဓာတ်ပုံတွေမှာတော့ တိကျသေချာတဲ့ Specifications တချိူ့ ပါဝင်လာခဲ့ပါပြီ။

Vivo X27 အတွက် ဖန်တီးထားတဲ့ အထက်ပါ Teaser ဓာတ်ပုံအရဆိုရင် X27 မှာ RAM အနေနဲ့ 8GB ပါဝင်ပြီး Memory Storage ကို 256GB အထိ ထည့်သွင်းထားမှာပါ။ ဒါ့အပြင် ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 4000mAh အထိ ပါဝင်မယ်ဆိုတာကိုလည်း ဖော်ပြထားပါသေးတယ်။ ကျွမ်းကျင်သူတွေကတော့ အဆိုပါ ဘက်ထရီကို USB Type-C ကနေ တစ်ဆင့် 22.5W အမြန်အားသွင်းစနစ်ကို အသုံးပြုနိုင်အောင် ပြုလုပ်ထားတယ်လို့ ခန့်မှန်းပြောဆိုထားကြပါတယ်။

အထက်ပါ Teaser ဓာတ်ပုံကတော့ Vivo X27 မှာ 48MP Camera တပ်ဆင်ထားမယ်ဆိုတာကို ရည်ညွှန်းဖော်ပြထားတာ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ အဆိုပါ Camera ကို Wide-angle Lens ပါဝင်တဲ့ Triple Camera Setup ထဲမှာ ထည့်သွင်းတပ်ဆင်ထားနိုင်ပြီး Sony IMX586 48MP Sensor ကို အသုံးပြုထားနိုင်ကြောင်း ပြောဆိုထားကြပါတယ်။ ဒါ့အပြင် Vivo X27 မှာ ညဘက်လိုမျိူး အလင်းရောင်နည်းတဲ့ အချိန်အခါတွေမှာ အရည်အသွေးကောင်းတဲ့ ဓာတ်ပုံတွေ ရိုက်ကူးနိုင်ဖို့အတွက် သီးသန့် Sensor ဒါမှမဟုတ် Night Mode အထူးပြုလုပ်ချက်များ ပါဝင်လာနိုင်တယ်လို့လည်း ခန့်မှန်းပြောဆိုထားကြပါသေးတယ်။

Vivo X27 နဲ့ပတ်သတ်ပြီး လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ထွက်ပေါ်ခဲ့တဲ့ အချက်အလက်တွေအရဆိုရင် X27 မှာ Snapdragon 675 အသုံးပြုမော်ဒယ်နဲ့ Snapdragon 710 အသုံးပြုမော်ဒယ်ဆိုပြီး ၂မျိူး ရှိပါတယ်။ 6.39” AMOLED Display နဲ့ In-display Fingerprint Sensor တွေပါဝင်လာနိုင်ပြီး 16MP Pop-up Selfie Camera နဲ့ 48MP+13MP(Super Wide-angle Lens)+5MP(Depth Sensor) တွေပါတဲ့ Triple Camera Setup ကို တပ်ဆင်ထားနိုင်ပါတယ်။ စျေးနှုန်တွေအနေနဲ့ Snapdragon 675 မော်ဒယ်က တရုတ်ငွေ ၃၁၉၈ ယွမ် (မြန်မာငွေ ၇၂၀,၀၀၀ ကျပ် ဝန်းကျင်) ကျသင့်နိုင်ပြီး Snapdragon 710 မော်ဒယ်က တရုတ်ငွေ ၃၅၉၈ ယွမ် (မြန်မာငွေ ၈သိန်း ဝန်းကျင်) ကျသင့်နိုင်ပါတယ်။

Ref: Gizmochina