[Zawgyi]

Vivo က X30 ရဲ႕ ပထမဆံုး Teaser ကို မေန႔က မွ်ေ၀လိုက္ၿပီး ဖုန္း ဒီဇိုင္းနဲ႔ Zoom စြမ္းရည္ေတြကို ျပသထားပါတယ္။ အခုေတာ့ ၀ီဘိုကေန Teaser Video အသစ္ ၁ ခုကို မွ်ေ၀လိုက္ၿပီး 60x Super Zoom နည္းပညာပါမယ္ဆိုတာ အတည္ျပဳလိုက္ပါတယ္။ လူ႔မ်က္လံုးနဲ႔ေတာင္ မျမင္ႏုိင္တဲ့ အေ၀းက အရာ၀တၱဳေတြကို ဖမ္းယူေပးႏိုင္မွာပါ။

Poster အသစ္ ၁ ခုကိုလည္း ကုမၸဏီက မွ်ေ၀လိုက္ၿပီး Vivo X30 မွာ Dual-mode 5G ပါလာမွာပါ။ ကုမၸဏီက Samsung ရဲ႕ Exynos 980 Chipset ေမာင္းႏွင္ထားမယ္လို႔လည္း အရင္က သတင္းေပးထားပါတယ္။ အဲဒီ ဖုန္းရဲ႕ သတင္းအခ်က္အလက္ေတြ တရုတ္မွ 3C Authority ကေန ထြက္ေပၚေနပါတယ္။ 3C မွာ 33W Rapid Charger ပါမယ္လို႔ ေျပာထားပါတယ္။

ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းေတြအရ Vivo X30 မွာ ၆.၅၉ လက္မ AMOLED Full HD+ Display ထည့္သြင္းထားပါတယ္။ 4,500mAh Battery , 8GB RAM နဲ႔ 128GB/ 256GB Storage ေတြ ပါလာမွာပါ။ အေနာက္ဘက္မွာ 64-Megapixel + 8-Megapixel + 13-Megapixel + 2-Megapixel Quad Cameras ေတြ တပ္ဆင္ထားမွာပါ။

Vivo X30 Pro မွာ ၆.၈၉ လက္မ AMOLED Full HD+ Display , 12GB RAM , 256GB Storage နဲ႔ 4,500mAh Battery ေတြ ထည့္သြင္းထားမွာပါ။ အေနာက္ဘက္မွာ 60-Megapixel + 13-Megapixel + 13-Megapixel + 12-Megapixel Quad Cameras ေတြ တပ္ဆင္ထားမွာပါ။

Vivo X30 နဲ႔ X30 Pro တို႔မွာ 90Hz Refresh Rate ပါမယ္လို႔ သတင္းထြက္ေနပါတယ္။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာနဲ႔ 32MP Selfie Camera ထည့္သြင္းထားႏိုင္ပါတယ္။ X30 နဲ႔ X30 Pro ရဲ႕ တန္ဖိုးအနည္းဆံုး ေမာ္ဒယ္ေတြကို ၃,၁၉၈ ယြမ္၊ ၃,၉၉၈ ယြမ္နဲ႔ အသီးသီး ေရာင္းႏိုင္ပါတယ္။ ျမန္မာေငြ ၆၈၀,၀၀၀ နဲ႔ ၈၆၀,၀၀၀ ေလာက္ တန္ေၾကးရွိပါတယ္။

Ref : gizmochina

[Unicode]

Vivo X30 မှာ 60x Super Zoom ပါမည်

Vivo က X30 ရဲ့ ပထမဆုံး Teaser ကို မနေ့က မျှဝေလိုက်ပြီး ဖုန်း ဒီဇိုင်းနဲ့ Zoom စွမ်းရည်တွေကို ပြသထားပါတယ်။ အခုတော့ ဝီဘိုကနေ Teaser Video အသစ် ၁ ခုကို မျှဝေလိုက်ပြီး 60x Super Zoom နည်းပညာပါမယ်ဆိုတာ အတည်ပြုလိုက်ပါတယ်။ လူ့မျက်လုံးနဲ့တောင် မမြင်နိုင်တဲ့ အဝေးက အရာဝတ္တုတွေကို ဖမ်းယူပေးနိုင်မှာပါ။

Poster အသစ် ၁ ခုကိုလည်း ကုမ္ပဏီက မျှဝေလိုက်ပြီး Vivo X30 မှာ Dual-mode 5G ပါလာမှာပါ။ ကုမ္ပဏီက Samsung ရဲ့ Exynos 980 Chipset မောင်းနှင်ထားမယ်လို့လည်း အရင်က သတင်းပေးထားပါတယ်။ အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေ တရုတ်မှ 3C Authority ကနေ ထွက်ပေါ်နေပါတယ်။ 3C မှာ 33W Rapid Charger ပါမယ်လို့ ပြောထားပါတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းတွေအရ Vivo X30 မှာ ၆.၅၉ လက်မ AMOLED Full HD+ Display ထည့်သွင်းထားပါတယ်။ 4,500mAh Battery , 8GB RAM နဲ့ 128GB/ 256GB Storage တွေ ပါလာမှာပါ။ အနောက်ဘက်မှာ 64-Megapixel + 8-Megapixel + 13-Megapixel + 2-Megapixel Quad Cameras တွေ တပ်ဆင်ထားမှာပါ။

Vivo X30 Pro မှာ ၆.၈၉ လက်မ AMOLED Full HD+ Display , 12GB RAM , 256GB Storage နဲ့ 4,500mAh Battery တွေ ထည့်သွင်းထားမှာပါ။ အနောက်ဘက်မှာ 60-Megapixel + 13-Megapixel + 13-Megapixel + 12-Megapixel Quad Cameras တွေ တပ်ဆင်ထားမှာပါ။

Vivo X30 နဲ့ X30 Pro တို့မှာ 90Hz Refresh Rate ပါမယ်လို့ သတင်းထွက်နေပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာနဲ့ 32MP Selfie Camera ထည့်သွင်းထားနိုင်ပါတယ်။ X30 နဲ့ X30 Pro ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်တွေကို ၃,၁၉၈ ယွမ်၊ ၃,၉၉၈ ယွမ်နဲ့ အသီးသီး ရောင်းနိုင်ပါတယ်။ မြန်မာငွေ ၆၈၀,၀၀၀ နဲ့ ၈၆၀,၀၀၀ လောက် တန်ကြေးရှိပါတယ်။

Ref : gizmochina