Vivo ကုမ္ပဏီဟာ မကြာသေးခင်ကမှ X50 Lite ကိုကြေညာခဲ့ပြီး ယနေ့မှာတော့ Vanilla X50 စမတ်ဖုန်းရဲ့ တရားဝင်မိတ်ဆက်ရက်ကို ထပ်မံကြေညာခဲ့ပါတယ်။ Vivo X50 စမတ်ဖုန်းကိုတော့ ဇွန်လ ၁ ရက်နေ့မှာ မိတ်ဆက်သွားမှာပါ။

X50 5G စမတ်ဖုန်းကို တရုတ်ပြည်တွင်းမှာ စတင်မိတ်ဆက်သွားမှာဖြစ်ပြီး လဝက်လောက် လိုနေသေးတာကြောင့် ကုမ္ပဏီက စမတ်ဖုန်းရဲ့ အချက်အလက်တွေကိုတော့ မဖော်ပြလာသေးပါဘူး။

ဒါပေမယ့် ကုမ္ပဏီရဲ့ တရုတ်ပြည်တွင်းက တရားဝင်ဝက်ဆိုက်မှာတော့ စမတ်ဖုန်းရဲ့ ပုံရိပ်တစ်ခုနဲ့အတူ “ဓါတ်ပုံပိုင်းဆိုင်ရာ ပရိုဖက်ရှင်နယ် Flagship” လို့ အဓိပ္ပါယ်ရတဲ့စကားနဲ့ ကြေညာပြသထားပါတယ်။

မကြာသေးခင်က တရုတ်ပြည်တွင်းမှ ထွက်လာတဲ့ Leak တွေမှာတော့ X50 5G စမတ်ဖုန်းဟာ Punch-hole စတိုင် Display နဲ့ နောက်ဘက်မှာ စတုဂံပုံ ကင်မရာ Island ပါလာတာ မြင်ခဲ့ရပါတယ်။ ဇွန်လ ၁ ရက်နေ့မှ မိတ်ဆက်မှာ ဖြစ်တဲ့အတွက် လာမယ့်ရက်သတ္တပတ်တွေမှာ X50 5G ရဲ့ Teaser တွေကို မြင်တွေ့ရတော့မယ်လို့ ယူဆရပါတယ်။

Ref – GSMArena