Vivo X50 စမတ်ဖုန်းစီးရီးကို ဇွန်လ ၁ ရက်နေ့မှာ မိတ်ဆက်ဖို့ စီစဉ်ထားပြီး X50 နဲ့ X50 Pro စမတ်ဖုန်းသစ် ၂ လုံးကို မြင်ရမှာပါ။ ဒီနေ့မှာတော့ Vivo ကုမ္ပဏီက စမတ်ဖုန်းတွေရဲ့ ဒီဇိုင်းကို ဖော်ပြထားတဲ့ Teaser ပိုစတာတွေ တရားဝင် ထပ်တင်လာခဲ့ပါတယ်။

ဒီပိုစတာတွေကိုကြည့်ရင် Vivo X50 စီးရီးဟာ ရှေ့ဘက် Punch-hole ဆဲလ်ဖီးကင်မရာဒီဇိုင်းနဲ့ဆိုတာ သိရမှာပါ။ Display ကလည်း ဘေးဘက်မှာ Curved Edge နဲ့ဖြစ်ပြီး နောက်ဘက်မှာတော့ X50 ရိုးရိုးနဲ့ Pro ဗားရှင်းတို့ရဲ့ ကင်မရာတွေ ကွာခြားနေပါတယ်။ နှစ်မျိုးလုံး Quad-camera ဖြစ်ပေမယ့် ရိုးရိုး Vanilla ဗားရှင်းမှာ အရွယ်အစားညီညီ စီရီထားပြီး Pro မှာတော့ အဓိက Sensor ကို အကြီးပြထားတာ မြင်ရမှာပါ။

Vivo X50 Pro မှာ ပါတဲ့ အကြီးဆုံး Sensor ကတော့ အလင်းဖမ်းယူမှုပိုကောင်းစေမယ့် အဓိက Lens ပဲ ဖြစ်မှာပါ။ အောက်ဘက်မှာ ကင်မရာနှစ်လုံးကို ထပ်ထည့်ထားပြီးမှ အောက်ဆုံးမှာ ကင်မရာတစ်လုံးတည်းကို သက်သက်ထားထားတာ တွေ့ရပါတယ်။ တစ်လုံးတည်းသီးသန့်ဖြစ်နေတဲ့ ကင်မရာက Periscopic Telephoto Lens ဖြစ်နိုင်ပါတယ်။ X50 ရိုးရိုးမှာတော့ အရွယ်အစားတူညီပုံရတဲ့ Sensor လေးခုကိုပဲ ထောင်လိုက်စီထားပါတယ်။

ပိုစတာပုံက X50 စီးရီးရဲ့ ကာလာရွေးချယ်မှုကိုလည်း ဖော်ပြခဲ့ပါသေးတယ်။ Pro ဗားရှင်းက အနည်းဆုံး Silver နဲ့ Light Blue နှစ်မျိုးရမှာဖြစ်ပြီး X50 ကတော့ Purple တစ်ရောင်တည်းပဲ တွေ့ရပါတယ်။ ဒါပေမယ့် အတိအကျတော့ ပြောလို့မရသေးဘဲ လာမယ့်ရက်သတ္တပတ်မှာ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref – GizmoChina