Vivo က တရုတ်မှာ X50 Series တွေကို ဇွန်လ အစောပိုင်းက ကြေညာခဲ့ပြီး နိုင်ငံတကာမှာ ရောင်းမယ်ဆိုတာကို အတည်ပြုထားပါတယ်။ X50 Series Page ကိုလည်း နိုင်ငံတကာ ဝက်ဘ်ဆိုက် စာမျက်နှာမှာ လွှင့်တင်ထားပြီးပါပြီ။ အခုတော့ X50 Series ကို ဒီလ ၁၆ သို့မဟုတ် ၁၇ ရက်နေ့ နိုင်ငံတကာမှာ ရောင်းမယ်လို့ သတင်းထွက်လာပါတယ်။

တရုတ်ပြင်ပမှာ X50 နဲ့ X50 Pro ၂ လုံးပဲ ရောင်းမှာ ဖြစ်ပြီး Snapdragon 865 ပါတဲ့ X50 Pro+ ကိုတော့ တရုတ်မှာပဲ ရောင်းပေးနိုင်သေးမှာပါ။ X50 အတွက် နိုင်ငံတကာမှာ Frost Bleu နဲ့ Glaze Black အရောင်တွေ ရောင်းနိုင်ပြီး X50 Pro အတွက် Alpha Grey ၁ ရောင်ပဲ ရွေးချယ်နိုင်မှာပါ။ အဲဒီ ဖုန်း ၂ လုံးကို ရောင်းနိုင်တဲ့ နိုင်ငံတွေထဲမှာ Malaysia, Singapore, Cambodia, Vietnam, Thailand, Indonesia နဲ့ India တို့ ပါနိုင်ပါတယ်။

Vivo X50 နဲ့ X50 Pro မှာ 90Hz 6.56-inch AMOLED FullHD+ မျက်နှာပြင်နဲ့ Punch Hole ပါပါတယ်။ Android 10 အခြေပြု FunTouch OS 10.5 မောင်းနှင်ထားပြီး Snapdragon 765G ပါပါတယ်။ 8GB RAM , 128/256GB Storage ထည့်ထားပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ 32MP ဆဲလ်ဖီး ကင်မရာပါပါတယ်။ X50 မှာ 48-Megapixel + 13-Megapixel (Portrait) + 8-Megapixel (Ultrawide) + 5-Megapixel (Macro) ကင်မရာ ၄ လုံးနဲ့ Pro မှာ 48-Megapixel (With Gimbal OIS) + 8-Megapixel (Periscope Telephoto) + 13-Megapixel (Portrait) + 8-Megapixel (Ultrawide) ကင်မရာ ၄ လုံး ထည့်ထားပါတယ်။ X50 မှာ 4,200mAh နဲ့ Pro မှာ 4,315mAh ဘက်ထရီတွေ ပါလာပြီး ၂ လုံးစလုံးမှာ 33W Fast Charging ထောက်ပံ့ထားပါတယ်။

Ref : gizmochina