သတင်းများစွာ ထွက်ခဲ့ပြီးနောက်မှာ Vivo X60 နဲ့ X60 Pro ကို တရားဝင် ကြေညာလိုက်ပါပြီ။ ကင်မရာ၊ RAM/Storage Version နဲ့ ဘက်ထရီကလွဲပြီး ကျန် အစိတ်အပိုင်းတွေက တူညီကြပါတယ်။ အဲဒီဖုန်း ၂ လုံးမှာ ၆.၅၆ လက်မ 2376x1080p AMOLED HDR10+ မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate , 5nm Exynos 1080 Chipset နဲ့ Android 11 အခြေပြု OriginOS 1.0 တွေ ထည့်သွင်းထားပါတယ်။

Vivo X60 Pro မှာ 48MP ပင်မ ကင်မရာ (Sony IMX598 Sensor, Vivo 4-axis OIS )  ၊ 13MP 120-Degree Ultrawide / Macro ၊ 13MP 2x 50mm Telephoto နဲ့ 8MP 5x Periscope ကင်မရာ ၄ လုံး ထည့်သွင်းထားပြီး 33W Charging ထောက်ပံ့တဲ့ 4,200mAh ဘက်ထရီ ပါပါတယ်။ 12/256GB Version ၁ မျိုးပဲ ထုတ်လုပ်ထားပြီး ¥4498 (~$689) သတ်မှတ်ထားပါတယ်။ ၉ သိန်း ၂ သောင်းလောက် ကျသင့်မှာ ဖြစ်ပါတယ်။

X60 ရဲ့ ကင်မရာ အကြောင်းပြောရရင် 48MP ပင်မ ကင်မရာ (Sony IMX598 Sensor, Vivo 4-axis OIS )  ၊ 13MP 120-Degree Ultrawide / Macro နဲ့ 13MP 2x 50mm Telephoto ကင်မရာတွေ ပါလာပြီး Periscope မပါလာပါဘူး။ 4,300mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 32MP ဆဲလ်ဖီး ကင်မရာ ပါလာပါတယ်။

X60 မော်ဒယ် ၃ မျိုးရဲ့ ဈေးတွေကို  အောက်မှာ လေ့လာနိုင်ပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၇ သိန်း ၁ သောင်းလောက် ကျသင့်မှာပါ။

  • 8+128GB = ¥3498 (~$535)
  • 8+256GB = ¥3798 (~$581)
  • 12+256GB = ¥3998 (~$612)

Ref : gsmarena