တရုတ်က မြေပြင် စတိုးဆိုင်တွေဟာ Vivo X60 ကို ရောင်းချဖို့ ပြင်ဆင်နေကြပြီး အခုဆိုရင် အဲဒီ စမတ်ဖုန်းရဲ့  ကြော်ငြာ ဆိုင်းဘုတ်တွေကို တင်ထားကြပါပြီ။ ပရော်ဖက်ရှင်နယ် ဓါတ်ပုံ၊ ဗီဒီယိုတွေ ရိုက်ကူးနိုင်တဲ့ စွမ်းရည်မြင့် စမတ်ဖုန်းလို့ ကြော်ငြာထားကြပေမယ့် ဖုန်း ဒီဇိုင်းကို မသိရသေးပါဘူး။

Vivo က X60 Series ကို တရားဝင် မကြေညာသေးတဲ့အတွက် ဖုန်း ဓါတ်ပုံတွေကို မြေပြင်စတိုးတွေမှာ မဖော်ပြထားသေးတာပါ။ အရင်မျိုးဆက်တွေလိုပဲ X60 Series အတွက် မော်ဒယ် အမျိုးမျိုး ထုတ်လုပ်ပေးထားနိုင်ပါတယ်။ အဲဒီ မော်ဒယ်တွေထဲမှာ Snapdragon 765G Chipset နဲ့ 33W Fast Charging ပါတဲ့ Vivo X60s 5G  ပါလာနိုင်ပါတယ်။

ဝီဘိုမှာတော့ Vivo X60 ကို နိုဝင်ဘာလ ဒါမှမဟုတ် ဒီဇင်ဘာလမှာ ရောင်းမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီအတွက် အခုလို စောစောစီးစီးမှာပဲ ကြော်ငြာတွေ တွေ့မြင်လာရတာ အံ့အားသင့်စရာ ကောင်းပါတယ်။ Vivo ရဲ့ ညီနောင် ကုမ္ပဏီ OPPO ဟာလည်း X60 ကြေညာမယ့် အချိန်လောက်မှာပဲ Reno5 Series တွေကို ချပြမယ်လို့ သတင်းထွက်နေပါတယ်။

ခပ်စောစော ထွက်ခဲ့တဲ့ သတင်းတွေအရ Reno5 ကို မေလမှာ ကြေညာမယ်လို့ သိခဲ့ရပေမယ့် ဒီနှစ်မှာ ကိုဗစ်ကြောင့် ပွဲအခမ်းအနားများစွာ ဖျက်သိမ်း၊ နောက်ဆုတ်ခဲ့ရပါတယ်။ Reno3 Series ကို အရင်နှစ် ဒီဇင်ဘာလနဲ့ Reno4 ကို ဒီနှစ် ဇွန်လမှာ ကြေညာခဲ့တာပါ။ အခုတော့ OPPO က ဒီနှစ်ထဲမှာပဲ နောက်မျိုးဆက် Reno Series ကို မိတ်ဆက်ဖို့ ပြင်ဆင်နေပါတယ်။

Ref : gsmarena