Vivo က ဒီနှစ်အစောပိုင်းမှာ စွမ်းရည်မြင့် X80 Series စမတ်ဖုန်းတွေကို ကြေညာခဲ့ပြီး အဲဒီအထဲမှာ Vivo X80 Pro ဟာ ၂၀၂၂ ခုနှစ်ရဲ့ စွမ်းရည် အမြင့်ဆုံး ဖုန်းတွေထဲက ၁ လုံး ဖြစ်သလို ကင်မရာတွေ အလွန် ကောင်းပါတယ်။

အခုတော့ Vivo က စက်တင်ဘာလထဲမှာ X Series စမတ်ဖုန်း အသစ် ၁ လုံးကို ချပြတော့မယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ စမတ်ဖုန်းဟာ Vivo X80 Pro+ ဖြစ်နိုင်ပါတယ်။

Vivo X80 Pro review: Flagship performance, but could be smoothe

ပြီးခဲ့တဲ့လအနည်းငယ်တုန်းက Vivo X80 Pro+ ကို အောက်တိုဘာလမှာ ကြေညာနိုင်တယ်ဆိုတဲ့ သတင်းထွက်ခဲ့ပါတယ်။ အဲဒီဖုန်းမှာ X80 Pro ရဲ့ Snapdragon 8 Gen 1 Chipset အစား Snapdragon 8+ Gen 1 Chipset ပါလာနိုင်ပါတယ်။ Snapdragon 8+ Gen 1 Chipset ကို TSMC ရဲ့ 4nm Process နဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး အရင်မျိုးဆက်ထက် စွမ်းအင် စားသုံးမှုက ၃၀ ရာခိုင်နှုန်း ပိုသက်သာသွားပါတယ်။ Snapdragon 8 Gen 1 ထက် အပူချိန်ကို လျှော့ချပေးနိုင်ပါတယ်။

Vivo X80 Pro+ မှာ 50MP Main , 48MP Sony IMX598, 50MP Samsung JN1 , 50MP Samsung JN2 ကင်မရာတွေကို အနောက်ဘက်မှာ ထည့်သွင်းထားနိုင်ပါတယ်။

အရင်ပေါက်ကြားသတင်းတွေအရ ၆.၈ လက်မ 2K AMOLED မျက်နှာပြင်နဲ့ 120Hz Refresh Rate ပါလာနိုင်ပြီး 120W Fast Charging ထောက်ပံ့ထားနိုင်ပါတယ်။

Ref : gizmochina