အရင်ပေါက်ကြား သတင်းတွေအရ Vivo X80 Pro အတွက် မော်ဒယ် ၂ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပြီး Snapdragon 8 Gen 1 ပါတဲ့ Pro+ နဲ့ Dimensity 9000 ပါတဲ့ Pro တို့ ဖြစ်ကြပါတယ်။ တရုတ်မှာ ကြေညာခဲ့တဲ့ Pro မှာ အဲဒီ Chipset ၂ ခုစလုံး ထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့် Pro+ မော်ဒယ် မထွက်လာတော့ဘူးလို့ မဆိုလိုပါဘူး။

vivo X80 Pro

Vivo X80 Pro+ မှာ Snapdragon 8+ Gen 1 Chipset အသစ်နဲ့ အဆင့်မြှင့်ထားမှာ ဖြစ်ပါတယ်။ အဲဒီ Chipset ဟာ ရိုးရိုးမော်ဒယ်ထက် CPU စွမ်းဆောင်ရည်က ၁၀ ရာခိုင်နှုန်းနဲ့ စွမ်းအင် စားသုံးမှု သက်သာတဲ့ အပိုင်းမှာ ၃၀ ရာခိုင်နှုန်း ပိုကောင်းပါတယ်။

Vivo's X80 Pro+ Might Run on the Snapdragon 8+ Gen 1 – Phandroid

တချို့ ပေါက်ကြားသတင်းတွေအရ Pro+ မှာ 50MP + 48MP (IMX598) + 50MP (Jn1) + 50MP (JN2) ကင်မရာတွေနဲ့ အဆင့်မြှင့်ထားမယ်လို့ သိရပါတယ်။ ပထမ ၂ လုံးဟာ ရိုးရိုး မော်ဒယ်ရဲ့ ပင်မနဲ့ မြင်ကွင်းကျယ် ကင်မရာတွေနဲ့ တူညီပုံရပါတယ်။ ဒါပေမယ့် ဒုတိယ ၂ လုံးက ကွဲပြားပြီး Pro မှာ 12MP 2x နဲ့ 8MP 5x Periscope ကင်မရာတွေ သုံးထားတာပါ။

Pro ရဲ့ 80W ထက် ပိုမြန်တဲ့ 120W Charge Speed ကို Pro+ မှာ ထည့်သွင်းထားနိုင်ပြီး မျက်နှာပြင်တွေက တူညီနိုင်ပါတယ်။ ဒါတွေဟာ ကောလဟလ သတင်းတွေပဲ ဖြစ်တဲ့အတွက် မှန်ကန်မယ်လို့ မပြောနိုင်သေးပါဘူး။

Vivo X80 Pro+ ကို နိုင်ငံတကာမှာ အောက်တိုဘာလအတွင်း ကြေညာနိုင်ပါတယ်။

Ref : gsmarena