Vivo ကနေ အခုအချိန်မှာ ဘေးဘောင်တွေလုံးဝမပါဝင်တဲ့ စမတ်ဖုန်းကို ထုတ်လုပ်ဖို့ စိတ်ကူးနေတယ်လို့ သတင်းတွေထွက်ပေါ်လာပြီးတော့ အခုအချိန်မှာတော့ ဖုန်းမှာ ဘေးဘောင်တစ်ခုမှ မပါဝင်တဲ့ Vivo Xplay 7 ရဲ့ ဓါတ်ပုံကို Weibo မှာ ထွက်ရှိလာပြီပဲဖြစ်ပါတယ်။

အခု ဓါတ်ပုံအရ အခုထွက်ရှိလာမယ့် Vivo Xplay 7 စမတ်ဖုန်းဟာ လက်ရှိထွက်ရှိနေသမျှ စမတ်ဖုန်းတွေနဲ့ မတူညီပဲ ကွဲထွက်နေပြီး အဆိုပါ ကွဲလွဲချက်ကတော့ ဖုန်းမှာ ဘေးဘောင်တွေတစ်ခုမှ ပါဝင်ခြင်းမရှိတာပဲဖြစ်ပါတယ်။ ဒါ့အပြင် Apple iPhone X လိုမျိုး Notch Bar လည်းပါဝင်ခြင်းမရှိပါဘူး။

အခုထွက်ပေါ်လာတဲ့ ဓါတ်ပုံတွေအရတော့ Selfie Camera ကို အောက်ခြေဘောင်မှာ မြုပ်ထားမယ့်ပုံစံရှိပြီး Earpiece ကိုတော့ Screen မှာပဲထည့်သွင်းထားမယ်လို့ ယူဆရပါတယ်။

Vivo ဟာ Display အောက်မှာ Fingerprint ထည့်သွင်းနိုင်တဲ့ နည်းပညာကို အောင်မြင်ထားပြီးဖြစ်တဲ့အတွက် အခု Vivo Xplay 7 မှာလည်း အဆိုပါ Fingerprint ကို Display အောက်ပဲ မြုပ်ထားမယ်လို့ ယူဆရပါတယ်။