vivo က အာရှ နိုင်ငံတော်တော်များများမှာ Y100 4G ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းမှာ Snapdragon 685 ထည့်သွင်းထားပြီး တကယ်တော့ vivo V30 Lite 4G ကို တခြား နိုင်ငံတွေမှာ နာမည်ပြောင်းရောင်းချတာ ဖြစ်ပါတယ်။

vivo Y100 4G is official with 80W fast charging

Y100 4G ရဲ့ Specs များစွာဟာ တခြား vivo ဖုန်း ၂ လုံးနဲ့ တူပေမယ့် အဲဒီဖုန်းတွေမှာ 5G ထောက်ပံ့တဲ့ Snapdragon 4 Gen 2 Chipset နဲ့ 50MP Main , 8MP Ultrawide ကင်မရာတွေ တပ်ဆင်ထားပါတယ်။ Y100 4G မှာတော့ 50MP နဲ့ 2MP ကင်မရာ ထည့်သွင်းထားပါတယ်။

vivo Y100 4G is official with 80W fast charging

vivo Y100 4G မှာ 6.67” AMOLED Display နဲ့ 80W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။ Android 14 အခြေပြု Funtouch 14 , IP54 Rating နဲ့ စတီရီယို စပီကာတွေ ထောက်ပံ့ထားပါတယ်။

Crystal Black နဲ့ Breeze Green အရောင် ထုတ်လုပ်ထားပြီး 8/256GB Version ကို ၂၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ နိုင်ငံအလိုက် ဈေးနှုန်း ကွာခြားနိုင်ပါတယ်။

Ref : gsmarena