vivo Y100t ကို တရုတ်မှာ ကြေညာလိုက်ပြီး 64MP ကင်မရာနဲ့ 120W Charging ထည့်သွင်းထားပါတယ်။ ကိုယ်ထည်က ၂၀၂၃ ခုနှစ် ဩဂုတ်လက တရုတ်မှာ ကြေညာခဲ့တဲ့ iQOO Z8 နဲ့ ဆင်တူပါတယ်။

vivo Y100t arrives with Dimensity 8200 and a familiar design

တစ်ခုထဲသော ကွာခြားချက်က အနောက်ဘက်က စာသားဟာ iQOO အစား vivo ဖြစ်သွားပါတယ်။ အဲဒါကလွဲပြီး ဖုန်း ၂ လုံးဟာ တူညီကြပြီး ဈေးနှုန်းကလည်း တူပါတယ်။

vivo Y100t launched with a 6.64" FHD+ Display & Dimensity 8200 -  Gizchina.com

Y100t မှာ 6.64” LCD Full HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ပါပါတယ်။ Dimensity 8200 Chipset မောင်းနှင်ထားပြီး 8GB or 12GB RAM နဲ့ 256GB or 512GB Storage ထုတ်လုပ်ထားပါတယ်။ အနောက်ဘက်မှာ 64MP+2MP နဲ့ အရှေ့ဘက်မှာ 16MP Punch Hole ကင်မရာတွေ တပ်ဆင်ထားပါတယ်။

Y100t မှာ 120W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပြီး OriginOS 3 မောင်းနှင်ထားပါတယ်။ White, Blue နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့ တရုတ်မှာ ရောင်းချမှာပါ။ 8/256GB ကို ၂၁၀ ဒေါ်လာ၊ 12/256GB ကို ၂၃၅ ဒေါ်လာနဲ့ 12/512GB ကို ၂၆၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena