vivo Y12 ကို မကြာခင်က တရုတ်မှ TENAA မှာ မှတ်ပုံတင်ထားပြီး အခုတော့ တရားဝင် ကြေညာလိုက်ပါတယ်။ vivo Y12 4G မှာ 6.56” LCD မျက်နှာပြင် ပါလာပြီး HD+ (720×1612 Pixels) ထောက်ပံ့ထားပါတယ်။ အရွယ်သေး Notch တပ်ဆင်ထားပါတယ်။

Vivo Y12

MediaTek Helio G85 Chip မောင်းနှင်ထားပြီး 6GB LPDDR4x RAM နဲ့ 128GB eMMC 5.1 Storage ထည့်သွင်းထားကာ microSD Card စိုက်နိုင်ပါတယ်။

Vivo Y12

အနောက်ဘက်မှာ 13MP Main , 2MP Depth ကင်မရာ ၂ လုံးနဲ့ LED Flash ၁ လုံး တပ်ဆင်မထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။ လုံခြုံရေးအတွက် ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ Face Unlock ပါပါတယ်။

15W Charging ပါတဲ့ 5,000mAh Battery ထည့်သွင်းထားပြီး USB-C Port ကနေ အားသွင်းနိုင်ပါတယ်။ နားကြပ်ပေါက် ပါပြီး Android 13 အခြေပြု Origin OS 3 မောင်းနှင်ထားပါတယ်။ အရွယ်အစား အပြည့်အစုံက 163.74 x 75.43 x 8.09mm ဖြစ်ပြီး အလေးချိန်က ၁၈၆ ဂရမ် ဖြစ်ပါတယ်။

vivo Y12 4G အတွက် Wild Green နဲ့ Crystal Purple အရောင် ထုတ်လုပ်ထားပြီး ၉၉၉ ယွမ် (၁၄၀ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Ref : gizmochina