Vivo က စွမ်းရည်သင့် Y12s ကို ကြေညာလိုက်ပြီး ဟောင်ကောင်နဲ့ ဗီယက်နမ်လို အာရှနိုင်ငံတွေမှာ ရောင်းချပေးလိုက်ပါပြီ။ မျက်နှာပြင် အရှည် ဒီဇိုင်းက ခေတ်မှီပြီး အရွယ်ကြီး ဘက်ထရီ ထည့်သွင်းထားတာက အဲဒီဖုန်းရဲ့ စွဲဆောင်မှု ဖြစ်ပါတယ်။

Vivo Y12s Glacier Blue

Vivo Y12s မှာ အရွယ်ကြီး ၆.၅၁ လက်မ IPS LCD မျက်နှာပြင် ပါလာပြီး HD+ Resolution ထောက်ပံ့ထားပါတယ်။ 20:9 Aspect Ratio သုံးထားပြီး အရွယ်အစား အပြည့်အစုံက 164.41 x 76.32 x 7.41mm ဖြစ်ကာ ၁၉၁ ဂရမ် အလေးချိန်ရှိပါတယ်။

Vivo Y12s Phantom Black

Vivo Y12s ရဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ထည့်သွင်းပေးထားပြီး အနောက်ဘက်မှာ 13MP နဲ့ 2MP ကင်မရာ ၂ လုံးကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ Helio P35 Chipset မောင်းနှင်ထားပြီး 3GB RAM နဲ့ 32GB Storage ပါတဲ့အပြင် microSD Card စိုက်နိုင်ပါတယ်။ Android 10 OS အခြေပြု FunTouch OS 11 မောင်းနှင်ထားပါတယ်။

အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာတာက တော်တော် မိုက်ပြီး 10W Charging ကတော့ သာမာန်လောက်ပါပဲ။ Dual SIM Support , WiFi 802.11ac , Bluetooth 5.0 , GPS , microUSB နဲ့ 3.5mm Audio Jack တွေ ထောက်ပံ့ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ Face Unlock ပါပါတယ်။ ဟောင်ကောင် ဒေါ်လာ ၁,၀၉၈ သတ်မှတ်ထားပြီး ၁ သိန်း ၈ သောင်းလောက်ကျသင့်ပါတယ်။ Phantom Black နဲ့ Glacier Blue ၂ ရောင် ထုတ်လုပ်ထားပါတယ်။

Ref : gizmochina