vivo သည် ၎င်း၏နောက်ဆုံးပေါ်ထုတ်ကုန်ဖြစ်သည့် vivo Y18 ကို ဂုဏ်ယူစွာ မိတ်ဆက်လိုက်ပါသည်။ ဤဆန်းသစ်တီထွင်ထားသော စမတ်ဖုန်းသည် ယနေ့ခေတ်စမတ်ဖုန်းအသုံးပြုသူများ၏ ဘက်စုံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် လက်ရာမြောက်သောဒီဇိုင်း၊ ကြံ့ခိုင်သောစွမ်းဆောင်ရည်နှင့် ဆန်းသစ်သောကင်မရာ features များကို အလေးပေး၍ ထုတ်လုပ်ထားပါသည်။

vivo Y18သည် ခေတ်မီသော ဒီဇိုင်းပိုင်းကို အထူးအာရုံစိုက်ထားပြီး ဖန်တီးပေးထားပါသည်။ ၎င်းကို Mocha Brown နှင့် Wave Aqua နှစ်မျိုးဖြင့် ရရှိနိုင်ပါသည်။ အရောင်တစ်ရောင်ချင်းစီတိုင်းသည် သုံးစွဲသူများ၏ style နှင့်ကိုက်ညီမှုရှိစေရန် သေချာစွာရွေးချယ်ထားပါသည်။ Y18 သည် စက်ပစ္စည်း တစ်ခုထဲအတွက်သာမက ဖက်ရှင်ဖော်ပြချက်တစ်ခုအဖြစ် သုံးစွဲသူ၏စတိုင်နှင့် ကိုယ်ရည်ကိုယ်သွေးကို ထင်ဟပ်စေရန် အရောင်တစ်ခုချင်းစီကို ဂရုတစိုက်ရွေးချယ်ထားပါသည်။ ဖုန်းတွင် 2.5D Curved Design ပါ၀င်ပြီး ကိုင်ရသည့်အခါတွင်လည်း လက်ထဲတွင် သက်တောင့်သက်သာရှိစေသော အတွေ့အကြုံကို ပေးပါသည်။

vivo Myanmar ၏ CEO ဖြစ်သည့် Mr. Nelson Ni မှ “vivo Y18 ရဲ့ မိတ်ဆက်မှုက နည်းပညာဆိုင်ရာဆန်းသစ်တီထွင်မှုများကို အမြဲစဉ်ဆက်မပြတ်ဆက်လက်လုပ်ဆောင်နေခြင်းနှင့် နည်းပညာဆန်းသစ်တီထွင်မှုတွင် စဉ်ဆက်မပြတ်မြှင့်တင်လိုတဲ့ကျွန်ုပ်တို့ရဲ့ ဆန္ဒကို ကိုယ်စားပြုပါတယ်။ Y18ရဲ့ ဒီဇိုင်း၊ ကောင်းမွန်သောစွမ်းဆောင်ရည်နှင့် ပြည့်စုံသော features တွေကြောင့် Y18 က စမတ်ဖုန်းအတွေ့အကြုံကို အမှန်တကယ်မြှင့်တင်ပေးမယ့် device တစ်ခုဖြစ်ပါတယ်။ vivo မှာ ကျွန်ုပ်တို့က သုံးစွဲသူများ၏ မတူကွဲပြားသောလိုအပ်ချက်များကို နားလည်သဘောပေါက်ပြီး ထိုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ကတိကဝတ်ပြုထားပြီး Y18ကိုမိတ်ဆက်ခြင်းဖြင့်၊ သုံးစွဲသူများရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့် ဤကတိကဝတ်ကို နမူနာပြပါတယ်။” ဟုပြောကြားခဲ့ပါသည်။

vivo Y18 သည် မိမိုက်သောstyle စွမ်းဆောင်ရည်နှင့် လုပ်ဆောင်နိုင်စွမ်းများကို ပေါင်းစပ်ပြီး စေ့စပ်သေချာစွာ ဒီဇိုင်းထုတ်ထားသော စမတ်ဖုန်းတစ်ခုဖြစ်သည်။ ၎င်းသည် စွဲမက်ဖွယ်ကောင်းသော 6 GB + 6 GB RAM တိုးချဲ့ 128 GB ROM အထိ ပေးဆောင်ထားပြီး၊ လုပ်ဆောင်ချက်များစွာကို ချောမွေ့စွာသေချာလုပ်ဆောင်ပေးပြီး သင့် app များ၊ ဖိုင်များနှင့် multi media အကြောင်းအရာအားလုံးအတွက် လုံလောက်သော storage ကို ပံ့ပိုးပေးပါသည်။

Y18 သည် ကြံ့ခိုင်သော MediaTek Helio G85 ပရိုဆက်ဆာဖြင့် မောင်းနှင်ထားပြီး၊ လျင်မြန်သောတုံ့ပြန်မှုများနှင့် လုပ်ငန်းဆောင်တာအားလုံးတွင် ချောမွေ့စေပါသည်။ Y18 ၏ထူးခြားသော features များထဲမှတစ်ခုမှာ၎င်း၏ 5000 mAh ကြာရှည်သောဘက်ထရီဖြစ်သည်။ ဤ battery ပါဝါအရင်းအမြစ်ကြောင့် အလုပ်လုပ်ခြင်း ၊ content streaming သို့မဟုတ် ဂိမ်းကစားခြင်းကို တစ်နေ့တာလုံး အနှောက်အယှက်ကင်းကင်းဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ၎င်းတွင် IP54 ဖုန်မှုန့်နှင့် ရေဒဏ်ခံနိုင်ရည်ရှိပြီး စက်ပစ္စည်းအတွက် နောက်ထပ်အကာအကွယ်အဆင့်တစ်ခုကို ပေးဆောင်ထားပါသည်။

Y18 တွင် 90Hz High-Brightness Eye Protection Screen ပါရှိပြီး အလင်းရောင်စူးရှသော ပတ်ဝန်းကျင်တွင်ပင် ကြည်လင်ပြတ်သားသော ရုပ်ပုံများကို ပေးဆောင်သည်။ Low Blue Light Eye Protection Screen Certification ရှိခြင်းဖြင့် Y18 သည် အချိန်ကြာမြင့်စွာ သက်တောင့်သက်သာကြည့်ရှုနိုင်စေရန် နှင့် မျက်စိညောင်းညာမှုကို လျှော့ချပေးပြီး သုံးစွဲသူကိုသက်တောင့်သက်သာရှိစေပါသည်။

Y18 ၏ နောက်ထပ်ထူးခြားချက်မှာ ၎င်း၏ထူးခြားသောကင်မရာတပ်ဆင်မှုဖြစ်သည်။ 50 MP Ultra Clear Camera နှင့် 8 MP Front Camera တို့နှင့်အတူ၊ ဤစမတ်ဖုန်းသည် အသေးစိတ်အချက်အလတ်တိုင်းကို အပြစ်ကင်းစင်စွာ ရိုက်ကူးရန် အမျိုးမျိုးသော ရွေးချယ်မှုများကို ပေးဆောင်ပါသည်။ သင်သည် Portrait Mode သို့မဟုတ် Super Night Scene Mode သို့မဟုတ် Multi-style Filters ကဲ့သို့သော ဆန်းသစ်သောလုပ်ဆောင်ချက်များကို အသုံးပြုနေသည်ဖြစ်စေ Y18 သည် ဓာတ်ပုံတစ်ပုံချင်းစီကို လက်ရာမြောက်စွာရိုက်ကူးနိုင်စွမ်းကိုပေးဆောင်နိုင်မည်ဖြစ်ပါသည်။ Y18 သည် အဖိုးတန်အခိုက်အတန့်များကို ရိုက်ကူးရန်၊ ရင်သပ်ရှုမောဖွယ်ကောင်းသော ဆယ်လ်ဖီများရိုက်ခြင်း သို့မဟုတ် ဓာတ်ပုံပညာဖြင့် သင်၏ဖန်တီးမှုကောင်းများကို ထုတ်ဖော်နိုင်မည်ဖြစ်ပါသည်။

vivo Y18 ကို မြန်မာနိုင်ငံတွင် ဇွန်လ ၁၅ရက်နေ့ မှစပြီး စျေးနှုန်း ၅၇၉,၈၀၀ကျပ် ဖြင့်ရရှိနိုင်ပါသည်။ ဤစမတ်ဖုန်း မိတ်ဆက်ပေးမှုသည် သုံးစွဲသူအမျိုးအစားအားလုံး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် ဆန်းသစ်ပြီး အသုံးပြုရလွယ်ကူသည့် စက်ပစ္စည်းများကို ပံ့ပိုးပေးရန်ဖြစ်သည့် vivo ၏ မစ်ရှင် အတွက် နောက်ထပ်မှတ်တိုင်တစ်ခုဖြစ်သည်။

Media release: vivo