vivo က ဗီယက်နမ်မှာ တန်ဖိုးနည်း Y Series စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ vivo Y18s ရဲ့ အဓိက Specs တွေကို တရားဝင် ဝက်ဘ်ဆိုက်မှာ တင်ထားပါတယ်။

গ্লোবাল বাজারে লঞ্চ হল সস্তা স্মার্টফোন Vivo Y18s, রয়েছে 12GB পর্যন্ত RAM,  5000mAh ব্যাটারি এবং 50MP ক্যামেরা - 91Mobiles Bengali

vivo Y18s ဟာ တခြား စမတ်ဖုန်း ၁ လုံးနဲ့ များစွာ တူညီနေပါတယ်။ ဗီယက်နမ်နဲ့ အိန္ဒိယ အပါအဝင် တခြား နိုင်ငံတွေမှာ ရောင်းချထားတဲ့ vivo Y18 နဲ့ တူညီနေပါတယ်။ Y18s မှာ တူညီတဲ့ 6.56” LCD Display တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။

vivo Y18s ra mắt với chip Helio G85, camera kép 50MP

MediaTek Helio G85 SoC မောင်းနှင်ထားပြီး 6GB RAM နဲ့ 128GB Storage ပါပါတယ်။ 6GB Virtual RAM ကိုအသုံးပြုနိုင်ပြီး 1TB microSD Card စိုက်နိုင်ပါတယ်။ ဗီယက်နမ်မှာ ရောင်းချထားတဲ့ vivo Y18 မှာ 8GB RAM ထည့်သွင်းထားပါတယ်။

Y18s မှာ ကြီးမားတဲ့ 5,000mAh Battery နဲ့ 15W Wired Fast Charging ပါလာပါတယ်။ အနောက်ဘက်မှာ 50MP ကင်မရာ ၂ လုံးနဲ့ 8MP အရှေ့ ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး Android 14 OS မောင်းနှင်ထားပါတယ်။ Mocha Brown နဲ့ Green Hai Luu အရောင်တွေ ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းကို မသိရသေးပေမယ့် Specs တွေအရ ဈေးနှုန်းချိုသာမှာပါ။ ဈေးနှုန်းကို မကြာခင် ကြေညာနိုင်ပါတယ်။

Ref : gizmochina