Zawgyi

Vivo ဟာ သူတုိ႔ရဲ႕ Mid-range ထုတ္ကုန္အသစ္ y19 ကို ဗီယက္နမ္နဲ႔ ထိုင္းေစ်းကြက္ေတြမွာ မိတ္ဆက္လာခဲ့ပါတယ္။ ဒီဖုန္းဟာ ၿပီးခဲ့တဲ့လတုန္းက တရုတ္ျပည္တြင္းမွာ မိတ္ဆက္ခဲ့တဲ့ Vivo U3 နဲ႔ ဒီဇုိင္းတူညီေနၿပီး Specs ေတြလည္း ေတာ္ေတာ္မ်ားမ်ားဆင္တူေပမယ့္ U3 မွာလို Snapdragon 675 ခ်စ္ပ္ဆက္အစား Helio P65 ကုိ ေျပာင္းလဲအသုံးျပဳလာတာကို ေတြ႕ရပါတယ္။

Vivo Y19 စမတ္ဖုန္းမွာ 6.53” လက္မအရြယ္ Full HD+ Display နဲ႔အတူ Waterdrop Notch တစ္ခု ပါဝင္လာပါတယ္။ ေနာက္ဘက္မွာေတာ့ LED Flash ရဲ႕ေဘးမွာ ကင္မရာသုံးလုံးကို ျမင္ေတြ႕ရမွာပါ။ ဘကၳရီပုိင္းမွာ 5,000 mAh ဘကၳရီႀကီးကို အသုံးျပဳထားၿပီး Fast Charging စနစ္တစ္ခု ပါဝင္သလို ႀကိဳးကေနတဆင့္ Reverse Charging ပါ ျပဳလုပ္ႏုိင္ပါတယ္။ Vivo U3 လိုေတာ့ ေရြးခ်ယ္စရာ မစုံလင္ဘဲ မန္မုိရီက 6GB RAM / 128GB Storage တစ္ခုတည္းသာ ရရွိႏုိင္မွာပါ။

ေနာက္ဘက္ကင္မရာေတြက 16MP အဓိက ကင္မရာ၊ 8MP Ultrawide နဲ႔ 2MP Depth Sensor တုိ႔ ျဖစ္ပါတယ္။ ေရွ႕ဘက္က Waterdrop Notch ထဲမွာေတာ့ 16MP ဆယ္လ္ဖီကင္မရာတစ္ခုကို ေတြ႕ရမွာပါ။ သူ႕မွာထူးျခားခ်က္အေနနဲ႔ Pose Master လို႔ေခၚတဲ့ Feature တစ္ခုပါဝင္လာၿပီး ဓါတ္ပုံတစ္ပုံအတြက္ ဘယ္လိုပုိစ့္ေပးရင္ ေကာင္းမလဲဆုိတာကို AI က အၾကံေပးတဲ့ လုပ္ေဆာင္ခ်က္ျဖစ္ပါတယ္။ ဓါတ္ပုံရုိက္ရင္ ဘယ္လိုေနရမွန္းမသိတဲ့ လူေတြအတြက္ေတာ့ အဆင္ေျပႏုိင္မွာပါ။

Vivo ရဲ႕ဗီယက္နမ္ဝက္ဆုိက္မွာ ဒီဖုန္းအတြက္ ေစ်းႏႈန္းကို မေတြ႕ရေပမယ့္ ထိုင္းမွာေတာ့ Vivo Y19 ကို ဘတ္ေငြ ၆၉၉၉ (ျမန္မာေငြ သုံးသိန္းခြဲ) နဲ႔ေရာင္းခ်ေနပါၿပီ။ လက္ရွိအခ်ိန္မွာ အျဖဴနဲ႔ အနက္ အေရာင္ႏွစ္မ်ဳိးသာ ထြက္ရွိေသးတဲ့ ဒီဖုန္းဟာ ခုခ်ိန္မွာ ႀကိဳတင္အမွာစာေကာက္ခံၿပီး ႏုိဝင္ဘာ ၅ ရက္ေန႔မွာ ေစ်းကြက္ထဲ ေရာက္ရွိလာမွာပါ။

Ref – GSM Arena

Unicode

Vivo ဟာ သူတို့ရဲ့ Mid-range ထုတ်ကုန်အသစ် y19 ကို ဗီယက်နမ်နဲ့ ထိုင်းဈေးကွက်တွေမှာ မိတ်ဆက်လာခဲ့ပါတယ်။ ဒီဖုန်းဟာ ပြီးခဲ့တဲ့လတုန်းက တရုတ်ပြည်တွင်းမှာ မိတ်ဆက်ခဲ့တဲ့ Vivo U3 နဲ့ ဒီဇိုင်းတူညီနေပြီး Specs တွေလည်း တော်တော်များများဆင်တူပေမယ့် U3 မှာလို Snapdragon 675 ချစ်ပ်ဆက်အစား Helio P65 ကို ပြောင်းလဲအသုံးပြုလာတာကို တွေ့ရပါတယ်။

Vivo Y19 စမတ်ဖုန်းမှာ 6.53” လက်မအရွယ် Full HD+ Display နဲ့အတူ Waterdrop Notch တစ်ခု ပါဝင်လာပါတယ်။ နောက်ဘက်မှာတော့ LED Flash ရဲ့ဘေးမှာ ကင်မရာသုံးလုံးကို မြင်တွေ့ရမှာပါ။ ဘက္ထရီပိုင်းမှာ 5,000 mAh ဘက္ထရီကြီးကို အသုံးပြုထားပြီး Fast Charging စနစ်တစ်ခု ပါဝင်သလို ကြိုးကနေတဆင့် Reverse Charging ပါ ပြုလုပ်နိုင်ပါတယ်။ Vivo U3 လိုတော့ ရွေးချယ်စရာ မစုံလင်ဘဲ မန်မိုရီက 6GB RAM / 128GB Storage တစ်ခုတည်းသာ ရရှိနိုင်မှာပါ။

နောက်ဘက်ကင်မရာတွေက 16MP အဓိက ကင်မရာ၊ 8MP Ultrawide နဲ့ 2MP Depth Sensor တို့ ဖြစ်ပါတယ်။ ရှေ့ဘက်က Waterdrop Notch ထဲမှာတော့ 16MP ဆယ်လ်ဖီကင်မရာတစ်ခုကို တွေ့ရမှာပါ။ သူ့မှာထူးခြားချက်အနေနဲ့ Pose Master လို့ခေါ်တဲ့ Feature တစ်ခုပါဝင်လာပြီး ဓါတ်ပုံတစ်ပုံအတွက် ဘယ်လိုပိုစ့်ပေးရင် ကောင်းမလဲဆိုတာကို AI က အကြံပေးတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ဓါတ်ပုံရိုက်ရင် ဘယ်လိုနေရမှန်းမသိတဲ့ လူတွေအတွက်တော့ အဆင်ပြေနိုင်မှာပါ။

Vivo ရဲ့ဗီယက်နမ်ဝက်ဆိုက်မှာ ဒီဖုန်းအတွက် ဈေးနှုန်းကို မတွေ့ရပေမယ့် ထိုင်းမှာတော့ Vivo Y19 ကို ဘတ်ငွေ ၆၉၉၉ (မြန်မာငွေ သုံးသိန်းခွဲ) နဲ့ရောင်းချနေပါပြီ။ လက်ရှိအချိန်မှာ အဖြူနဲ့ အနက် အရောင်နှစ်မျိုးသာ ထွက်ရှိသေးတဲ့ ဒီဖုန်းဟာ ခုချိန်မှာ ကြိုတင်အမှာစာကောက်ခံပြီး နိုဝင်ဘာ ၅ ရက်နေ့မှာ ဈေးကွက်ထဲ ရောက်ရှိလာမှာပါ။

Ref – GSM Arena