[Unicode]

အနောက်ကင်မရာ ၃ လုံး၊ 5000mAh Battery ပါဝင်တဲ့ Vivo Y19 မကြာခင် မြန်မာနိုင်ငံ ဈေးကွက်အတွင်း စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။ Vivo Y19 က ဈေးကွက်အတွင်း တရားဝင် မကြေညာခင်တည်းက အများစိတ်ဝင်စားခြင်း ခံနေရတဲ့ ဖုန်းမော်ဒယ်တစ်လုံးဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Vivo ရဲ့ Y series ထဲက အကောင်းဆုံး ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။

မကြာခင်မှာ မြန်မာနိုင်ငံဈေးကွက်အတွင်း မိတ်ဆက်လာနိုင်တဲ့ Y19 ဟာ အရောင် ၂ ရောင် ထွက်ရှိလာမည်ဖြစ်ပြီး Spring White နဲ့ Magnetic Black ဆိုပြီး အမည်ပေးထားပါတယ်။ ဒါ့အပြင် 3D လိုင်းလေးတွေနဲ့ ဒီဇိုင်းဆင်ပေးထားတဲ့အတွက် အလင်းရောင်ထဲမှာ 3D ဒီဇိုင်းလေးတွေကို မြင်တွေ့နိုင်ပါတယ်။ အနောက်ကင်မရာ ၃ လုံးမှာ AI စနစ် ထည့်သွင်းထားပြီး ပင်မကင်မရာ 16MP ၊ 2MP Macro ကင်မရာနဲ့ Bokeh ရိုက်ကူးနိုင်မယ့် feature ၊ 8MP Super Wide-angle တို့နဲ့ ပေါင်းစပ် တီထွင်ထားပါတယ်။ အရှေ့ ကင်မရာ 16MP ပါဝင်ပြီး AI Makeup ၊ AI Face Beauty နဲ့ AI Multi-Scenario Photography တို့ ထည့်သွင်းထားမှုကြောင့် Y19 ဟာ ကင်မရာအသားပေး စမတ်ဖုန်းတစ်လုံးလို့ ယူဆနိုင်ပါတယ်။

Vivo Y19 မှာ RAM 6 GB နဲ့ ROM 128 GB ပါဝင်မှာပဲ ဖြစ်ပါတယ်။ MTK Helio P65 Processor ပါဝင်ပြီး Funtouch OS 9.2 ကို အခြေခံထားပါတယ်။ Screen မှာ 6.53 FHD+ အရွယ်အစားရှိပြီး 1080 x 2340 resolution ရှိပါတယ်။ Vivo Y19 ရဲ့ အားသာချက်အနေနဲ့ 5000mAh Battery ထည့်သွင်းထားပြီး Vivo ရဲ့ သီးသန့် အားအမြန်သွင်းစနစ်တစ်ခုဖြစ်တဲ့ Dual Engine Fast Charging စနစ် ပါဝင်တဲ့အပြင် Reverse Charing အနေနဲ့ Power Bank တစ်ခုလိုပါ အသုံးပြုနိုင်ပါသေးတယ်။

Vivo Y19 ရဲ့ ဈေးနှုန်းကို ၃ သိန်းနဲ့ ၄ သိန်းကြား ခန့်မှန်းထားပြီး ဒီဇင်ဘာလလယ်လောက်မှာ တရားဝင် မြန်မာနိုင်ငံမှာ စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။ ဈေးနှုန်းအတိအကျနဲ့ ထွက်ရှိမယ့်ရက်ကို Vivo Mobile Myanmar မှ မကြာခင် ထုတ်ပြန်ကြေညာမှာ ဖြစ်ပါတယ်။

[Zawgyi]

အေနာက္ကင္မရာ ၃ လုံး၊ 5000mAh Battery ပါဝင္တဲ့ Vivo Y19 ျမန္မာႏိုင္ငံ ေဈးကြက္အတြင္း မၾကာခင္ စတင္ေရာင္းခ်မည္ျဖစ္

အေနာက္ကင္မရာ ၃ လုံး၊ 5000mAh Battery ပါဝင္တဲ့ Vivo Y19 မၾကာခင္ ျမန္မာႏိုင္ငံ ေဈးကြက္အတြင္း စတင္ေရာင္းခ်ေတာ့မွာ ျဖစ္ပါတယ္။ Vivo Y19 က ေဈးကြက္အတြင္း တရားဝင္ မေၾကညာခင္တည္းက အမ်ားစိတ္ဝင္စားျခင္း ခံေနရတဲ့ ဖုန္းေမာ္ဒယ္တစ္လုံးျဖစ္ၿပီး ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Vivo ရဲ႕ Y series ထဲက အေကာင္းဆုံး ဖုန္းတစ္လုံးျဖစ္လာႏိုင္ပါတယ္။

မၾကာခင္မွာ ျမန္မာႏိုင္ငံေဈးကြက္အတြင္း မိတ္ဆက္လာႏိုင္တဲ့ Y19 ဟာ အေရာင္ ၂ ေရာင္ ထြက္ရွိလာမည္ျဖစ္ၿပီး Spring White နဲ႔ Magnetic Black ဆိုၿပီး အမည္ေပးထားပါတယ္။ ဒါ့အျပင္ 3D လိုင္းေလးေတြနဲ႔ ဒီဇိုင္းဆင္ေပးထားတဲ့အတြက္ အလင္းေရာင္ထဲမွာ 3D ဒီဇိုင္းေလးေတြကို ျမင္ေတြ႕ႏိုင္ပါတယ္။ အေနာက္ကင္မရာ ၃ လုံးမွာ AI စနစ္ ထည့္သြင္းထားၿပီး ပင္မကင္မရာ 16MP ၊ 2MP Macro ကင္မရာနဲ႔ Bokeh ႐ိုက္ကူးႏိုင္မယ့္ feature ၊ 8MP Super Wide-angle တို႔နဲ႔ ေပါင္းစပ္ တီထြင္ထားပါတယ္။ အေရွ႕ ကင္မရာ 16MP ပါဝင္ၿပီး AI Makeup ၊ AI Face Beauty နဲ႔ AI Multi-Scenario Photography တို႔ ထည့္သြင္းထားမႈေၾကာင့္ Y19 ဟာ ကင္မရာအသားေပး စမတ္ဖုန္းတစ္လုံးလို႔ ယူဆႏိုင္ပါတယ္။

Vivo Y19 မွာ RAM 6 GB နဲ႔ ROM 128 GB ပါဝင္မွာပဲ ျဖစ္ပါတယ္။ MTK Helio P65 Processor ပါဝင္ၿပီး Funtouch OS 9.2 ကို အေျခခံထားပါတယ္။ Screen မွာ 6.53 FHD+ အ႐ြယ္အစားရွိၿပီး 1080 x 2340 resolution ရွိပါတယ္။ Vivo Y19 ရဲ႕ အားသာခ်က္အေနနဲ႔ 5000mAh Battery ထည့္သြင္းထားၿပီး Vivo ရဲ႕ သီးသန႔္ အားအျမန္သြင္းစနစ္တစ္ခုျဖစ္တဲ့ Dual Engine Fast Charging စနစ္ ပါဝင္တဲ့အျပင္ Reverse Charing အေနနဲ႔ Power Bank တစ္ခုလိုပါ အသုံးျပဳႏိုင္ပါေသးတယ္။

Vivo Y19 ရဲ႕ ေဈးႏႈန္းကို ၃ သိန္းနဲ႔ ၄ သိန္းၾကား ခန႔္မွန္းထားၿပီး ဒီဇင္ဘာလလယ္ေလာက္မွာ တရားဝင္ ျမန္မာႏိုင္ငံမွာ စတင္ေရာင္းခ်ေတာ့မွာ ျဖစ္ပါတယ္။ ေဈးႏႈန္းအတိအက်နဲ႔ ထြက္ရွိမယ့္ရက္ကို Vivo Mobile Myanmar မွ မၾကာခင္ ထုတ္ျပန္ေၾကညာမွာ ျဖစ္ပါတယ္။