vivo က ထိုင်းမှာ Y19s ကို ကြေညာလိုက်ပါတယ်။ 4G ဖုန်း ဖြစ်ပြီး Unisoc Processor ထည့်သွင်းထားပါတယ်။ 90Hz Display , Punch Hole Design , ကြီးမားတဲ့ Battery နဲ့ RGB Notification Light ပါလာပါတယ်။
Display အကြောင်းစပြောရရင် 6.68” LCD 1680x720p HD+ Display တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ နေအိမ်အပြင်ဘက်မှာ Display ကို ကြည့်ရှုလို့ ကောင်းစေတဲ့ 1,000 Nits Brightness ထောက်ပံ့ထားပါတယ်။
အရှေ့ဘက်မှာ 5MP ကင်မရာနဲ့ အနောက်ဘက်မှာ 50MP Main , 0.08MP Secondary ကင်မရာ တပ်ဆင်ထားပါတယ်။ ကင်မရာတွေအောက်မှာ မတူညီတဲ့ အရောင်တွေ ပြသပေးတဲ့ စက်ဝိုင်းပုံ Notification Light ပါပါတယ်။
vivo Y19s မှာ Unisoc T612 Chipset မောင်းနှင်ထားပြီး 6GB LPDDR4x RAM အထိ ထည့်သွင်းထားပါတယ်။ 15W Rapid Charging ထောက်ပံ့တဲ့ 5,500mAh Battery ပါလာပါတယ်။ 6GB Virtual RAM နဲ့ microSD Card Slot တပ်ဆင်ထားပါတယ်။
Android 14 အခြေပြု FunTouch OS 14 မောင်းနှင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။ 4/128GB ကို ၁၃၀ ဒေါ်လာနဲ့ 6/128GB ကို ၁၄၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Glossy Black , Pearl Silver နဲ့ Glacier Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။
Ref: gizmochina