Vivo ရဲ့ Mid Range စမတ်ဖုန်းအသစ်တွေဖြစ်လာမယ့် Vivo Y20 နဲ့ Y20i ဖုန်းတွေဟာ အခုအချိန်မှာတော့ Specification တွေအပြည့်အစုံပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ဖုန်းရဲ့ Design ဓါတ်ပုံတွေပါ ပေါက်ကြားလာခဲ့ပါတယ်။

Vivo Y20 နဲ့ V20i ဟာ Design အရဆင်တူပြီးတေ့ာ RAM ၊ Charging Speed နဲ့ Color Option ပဲကွာခြားသွားမှာဖြစ်ပါတယ်။ ဒီဖုန်း ၂ လုံးစလုံးမှာ Qualcomm Snapdragon 460 Chipset ၊ 6.51″ Halo Full View Display နဲ့ 5000mAh Battery တွေပါဝင်မယ်လို့ သိရပါတယ်။

Vivo Y20 အနေနဲ့ကတော့ 4GB RAM ပါဝင်မှာဖြစ်ပြီး Charging Speed အနေနဲ့ 18W အထိ Support ပေးနိုင်မှာဖြစ်ပါတယ်။ Y20i အနေနဲ့ကတော့ RAM 3GB နဲ့ Normal 15W သို့မဟုတ် 10W Charging ပဲ ပါဝင်မှာပါ။ အရောင်အနေနဲ့ကတော့ Dawn White ကို ၂ မျိုးလုံးရောင်းချသွားမှာဖြစ်ပေမယ့် Y20 မှာ Obsidian Black နဲ့ Y20i မှာတော့ Nebula Blue ဆိုပြီး ခွဲခြားရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ Triple Camera Setup ကို အသုံးပြုထားပြီးတော့ 13MP Primary Sensor အပြင် 2MP Macro နဲ့ 2MP Depth Sensor တွေပါဝင်မှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 8MP Sensor ကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

Software ပိုင်းအနေနဲ့ကတော့ Android 10 ကို အခြေခံထားတဲ့ Funtouch OS 10.5 ကို အသုံးပြုထားမှာဖြစ်ပြီး Dynamic Effects ၊ EasyShare ၊ iManager နဲ့ AI Album Feature တွေပါဝင်မယ်လို့ သိရပါတယ်။

Vivo ကနေ အဆိုပါ Y20 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်မယ့်အချိန်ကို ပြောကြားထားခြင်းမရှိသေးပေမယ့် ဖြစ်နိုင်တာကတော့ မကြာခင်မှာမိတ်ဆက်ရောင်းချသွားမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena