ပြီးခဲ့တဲ့ ရက်သတ္တပတ်က သတင်း စထွက်ခဲ့တဲ့ Vivo Y20 နဲ့ Y20i စမတ်ဖုန်း နှစ်လုံးကို ယနေ့မှာ အိန္ဒိယစျေးကွက် အတွက် တရားဝင် မိတ်ဆက်လာခဲ့ပါပြီ။ ဒီဖုန်းနှစ်လုံးဟာ အချက်အလက် အများစု တူညီပြီး RAM ပမာဏနဲ့ ကာလာ ရွေးချယ်စရာ ခွဲခြားထားတဲ့ ဗားရှင်းနှစ်မျိုးသာ ဖြစ်ပါတယ်။

ဒါ့ကြောင့် Y20 နဲ့ Y20i နှစ်မျိုးလုံးမှာ Snapdragon 460 ချစ်ပ်ဆက် အသုံးပြုထားပြီး 6.51” HD+ Display နဲ့ပါ။ Android 10 အခြေခံ Funtouch OS 10.5 အသုံးပြုထားပြီး 64GB Storage ပါဝင်ပါတယ်။

ကင်မရာပိုင်းမှာ Y20 ဖုန်းနှစ်မျိုးလုံး စုစုပေါင်း ကင်မရာလေးလုံး ပါဝင်ပြီး ရှေ့ဘက်က Notch ထဲမှာ 8MP ဆဲလ်ဖီး ကင်မရာနဲ့ နောက်ဘက်မှာ 13MP ဦးဆောင်တဲ့ Triple-camera ဖြစ်ပါတယ်။ 13MP အဓိက ကင်မရာကို 2MP Macro နဲ့ 2MP Depth Sensor တို့က ဝန်းရံထားတယ်။

အားသာချက်အနေနဲ့တော့ Y20 နဲ့ Y20i တို့မှာ 3.5mm Audio Jack, ဘေးဘက် Fingerprint Reader နဲ့ 5,000 mAh ဘက္ထရီ တို့ ပါဝင်ပါတယ်။ ဒီဘက္ထရီကြီးကို အားသွင်းဖို့ 18W Fast Charging စနစ် တွဲဖက်ထားတယ်။

Vivo Y20 စမတ်ဖုန်းဟာ Obsidian Black နဲ့ Dawn White ကာလာနှစ်မျိုးနဲ့ ရရှိနိုင်ပြီး 4GB RAM ဗားရှင်းကို ရူပီး ၁၂၉၉၀ (မြန်မာငွေ ၂ သိန်း ၃ သောင်းခွဲ) နဲ့ ရောင်းချမှာပါ။ Y20i ကတော့ 3GB RAM ဗားရှင်းဖြစ်ပြီး ရူပီး ၁၁၄၉၀ (မြန်မာငွေ ၂ သိန်း ဝန်းကျင်) သတ်မှတ်ထားပါတယ်။ Y20i ကိုတော့ Nebula Blue အရောင်ပြေးကာလာနဲ့ Dawn White အရောင်တို့ဖြင့် ရရှိနိုင်မှာပါ။

Y20 နဲ့ Y20i စမတ်ဖုန်းတွေကို ဩဂုတ်လ ၂၈ ရက်နေ့နဲ့ စက်တင်ဘာ ၃ ရက်နေ့တို့မှာ အသီးသီး စတင်ရောင်းချသွားမှာ ဖြစ်ပြီး Vivo India ဦးဆောင်တဲ့ အိန္ဒိယစျေးကွက်ထဲမှာ အရင်ဆုံး ရရှိနိုင်မှာပါ။

Ref – GSMArena