Vivo က တရုတ်မှာ တန်ဖိုးနည်း Y200+ ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းမှာ 6.68” LCD 720x1608p Display တပ်ထားပြီး 120Hz Refresh Rate ၊ 1000 Nits Peak Brightness ပါပါတယ်။

Vivo Y200+ launched with Snapdragon 4 Gen 2, 6.68" 120Hz display & 6000mAh  battery - Gizmochina

Snapdragon 4 Gen 2 Chip ထည့်ထားပြီး 12GB RAM နဲ့ 512GB Storage အထိ ပါပါတယ်။ Funtouch OS မောင်းနှင်ထားပြီး User Friendly Interface နဲ့ Smart Features တွေ ပါပါတယ်။ စွမ်းဆောင်ရည် မြင့်မားစေဖို့ Operating System ကို ဖန်တီးထားပြီး AI Call Enhancements ပါပါတယ်။ သက်ကြီးရွယ်အိုတွေအတွက် အသုံးပြုလို့ ကောင်းစေတဲ့ Mode နဲ့ Fraud Call Blocking ထည့်ထားပါတယ်။

Vivo Y200+ Unveiled with Snapdragon 4 Gen 2 and 6000mAh Battery -  Gizchina.com

အနောက်ဘက်မှာ 50MP Main , 2MP Depth ကင်မရာ တပ်ဆင်ထားပြီး Low Light မှာတောင် ကြည်လင်ပြတ်သားတဲ့ ပုံတွေ ရိုက်ကူးပေးနိုင်ပါတယ်။ အရှေ့ဘက်မှာ 5MP ကင်မရာ ပါပါတယ်။ ကြီးမားတဲ့ 6,000mAh Battery ထည့်ထားပြီး 44W Fast Charging ပါပါတယ်။

8/256GB ကို ၁၅၀ ဒေါ်လာ၊ 12/256GB ကို ၁၇၈ ဒေါ်လာနဲ့ 12/512GB ကို ၂၀၅ ဒေါ်လာ သတ်မှတ်ထားပြီး Apricot Sea, Sky City နဲ့ Midnight Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : Gizmochina