vivo က Y200 နဲ့ Y200e ကို ကြေညာပြီးနောက်မှာ Y200i ကို ချပြလိုက်ပါတယ်။ Snapdragon 4 Gen 2 SoC မောင်းနှင်ထားပြီး 6.72” 120Hz FullHD+ LCD Display   တပ်ဆင်ထားပါတယ်။ 1,000 Nits Peak Brightness ထောက်ပံ့ထားပြီး Android 14 အခြေပြု OriginOS 4 ပါပါတယ်။ 12GB LPDDR4X RAM နဲ့ 512GB UFS 2.2 Storage အထိ ထည့်ထားပါတယ်။

vivo Y200i unveiled: Snapdragon 4 Gen 2, 50MP camera, and 120Hz screen

Y200i မှာ အရွယ်ကြီး 6,000mAh Battery တပ်ထားပြီး 44W Charging  ထောက်ပံ့ထားပါတယ်။ အနောက်ဘက်မှာ 50MP Main , 2MP Depth ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

Vivo Y200i: a smartphone with a 6000 mAh battery, Snapdragon 4 Gen 2  processor and 50 MP camera and for $225 | Gagadget.com

နားကြပ်ပေါက်၊ ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ စတီရီယို စပီကာတွေ ပါလာပြီး 5G ဆက်သွယ်မှုနဲ့ IP64 Rating ထည့်ထားပါတယ်။

Blue, Black နဲ့ White အရောင်တွေ ထုတ်လုပ်ထားပြီး 8/256GB, 12/256GB နဲ့ 12/512GB ကို ၂၂၅ ဒေါ်လာ၊ ၂၅၅ ဒေါ်လာနဲ့ ၂၈၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ ဒီလ ၂၇ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena