Vivo ဟာ အခုအချိန်မှာ Y20 Series ဖုန်းအမျိုးအစားပေါင်း ၅ မျိုးအထိကို Region မျိုးစုံအတွက်မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုလည်း နောက်ထပ် Vivo Y20G နာမည်နဲ့ စမတ်ဖုန်းအသစ်ကို ထပ်မံမိတ်ဆက်ခဲ့ပါတယ်။

အဆိုပါ Vivo Y20G စမတ်ဖုန်းဟာ 6.51″ HD+ LCD Display ကို အသုံးပြုထားပြီး Selfie Camera အတွက်ကိုတော့ 8MP Sensor ကိုပဲ Waterdrop Notch ပုံစံ ပြုလုပ်ထားတာဖြစ်ပါတယ်။ နောက်ကျောဘက်မှာတော့ Triple Camera Setup ကိုအသုံးပြုထားပြီး 13MP Primary + 2MP Macro + 2MP Depth Sensor တွေပါဝင်မှာဖြစ်ပါတယ်။

Performance ပိုင်းမှာတော့ MediaTek ရဲ့ Helio G80 Chipset ကို အသုံးပြုထားပြီး RAM 6GB နဲ့ 128GB Storage တွေထည့်သွင်းပေးထားပါတယ်။ MicroSD Card Slot ကနေလည်း 1TB အထိ ထပ်မံတိုးချဲ့နိုင်မယ်လို့ သိရပါတယ်။

Battery အနေနဲ့ကတော့ 5000mAh Battery ပါဝင်တယ်ဆိုပေမယ့် MicroUSB ကနေတစ်ဆင့် 18W Fast Charging ကိုပဲ Support ပေးနိုင်မှာဖြစ်ပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Android 11 ကို အခြေခံထားတဲ့ Funtouch OS 11 ကို အသုံးပြုထားမယ်လို့ သိရပါတယ်။

Vivo Y20G စမတ်ဖုန်းဟာ အရောင်အနေနဲ့ Obsidian Black နဲ့ Purist Blue ဆိုပြီး ၂ ရောင်ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ India နိုင်ငံမှာ “Made in India” အစီအစဥ်တစ်ခုအနေနဲ့ ထုတ်လုပ်ထားတဲ့ဖုန်းဖြစ်တဲ့အတွက် တခြားနိုင်ငံတွေမှာ ရောင်းချနိုင်မလားကတော့ မသိရှိရသေးပါဘူး။ စျေးနှုန်းအနေနဲ့ကတော့ INR14,990 (မြန်မာငွေ ၂ သိန်း ၇ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – GSM Arena