မြန်မာနိုင်ငံရှိ လူငယ်များကြားတွင် ရေပန်းစားလျက်ရှိသည့် လူငယ်များအကြိုက် ဒီဇိုင်းကာလာနှင့် ထွက်ရှိခဲ့သည့် vivo Y28 ကို 8 GB RAM + 128 GB ဗားရှင်းအသစ်ကို ဂုဏ်ယူစွာနှင့် ထပ်မံ မိတ်ဆက်လိုက်ပါသည်။ vivo Y28က သုံးစွဲသူတွေ၏ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်သည့်အပြင် ပရီမီယံဒီဇိုင်း၊ ချောမွေ့သည့် လုပ်ဆောင်နိုင်စွမ်းနှင့် အကြမ်းခံနိုင်ခြင်း စသည့် စွမ်းဆောင်ရည်များကိုလဲပေးစွမ်းနိုင်ပါသည်။Y28 တွင် ကြီးမားသည့် 6000mAh ဘက်ထရီစနစ်ကို 44W အမြန်အားသွင်းစနစ်မှထောက်ပံ့ပေးထားသောကြောင့် နေ့စဉ်ဘဝတွင် အချိန်ကြာမြင့်စွာသုံးစွဲနိုင်မည်ဖြစ်ပါသည်။သုံးစွဲသူများ၏ ဒီဂျစ်တယ်ဘဝကိုသက်သောင့်သက်သာ ဖြတ်သန်းနိုင်စေရန် ပရီမီယံလုပ်ဆောင်ချက်နှင့် အကြမ်းခံနိုင်သည့် Y28 ရဲ့ 8GB+ 128GB ဗားရှင်းအသစ်ကို ၇၅၉,၈၀၀ကျပ် နှင့် ထပ်မံ မိတ်ဆက်လိုက်ပါသည်။

တိုးတက်ပြောင်းလဲလာသည့် နေ့စဉ်ဘဝတွင် လုပ်ဆောင်ချက်များကို မြန်မြန်နှင့်ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ရန် vivo မှ vivo Y28 ၏ 8 GB RAM + 128 GB ROM ဗားရှင်းအသစ်ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်လိုက်ပါသည်။ Y28 သည် ခေတ်မီဆန်းသစ်မှုများကို အမြဲစောင့်မျှော်နေသည့် သူများအတွက် ထုတ်လုပ်ထားခြင်းဖြစ်ပြီး အက်ပလီကေးရှင်း၊ ဓာတ်ပုံ၊ ဗီဒီယိုစသည်တို့ကို စိတ်ကြိုက်ကြည့်ရှုနိုင်ရန် ပိုမိုကြီးမားသည့် သိုလှောင်မှုစနစ်ကို ထည့်သွင်းထားခြင်းဖြစ်ပါသည်။ ထို့အပြင် သုံးစွဲသူများ၏ အတွေ့အကြုံများ ပိုမိုကောင်းမွန်စေရန်အတွက် တိုးချဲ့ထားသည့် 8 GB Extended RAM က အက်ပလီကေးရှင်းများ တပြိုင်နက် သုံးစွဲမှုများကို အနှောက်အယှက်မရှိစေပဲ သုံးစွဲစေနိုင်မှာဖြစ်ပါသည်။ Y28 တွင် ကြီးမားသည့် 6000mAh ဘက်ထရီ ပါဝင်သောကြောင့် မကြာခဏအားသွင်းစရာမလိုပဲ သာမန်ထက် အချိန်ကြာကြာ သုံးစွဲနိုင်မည်ဖြစ်ပြီး 44W FlashCharge သည် အားသွင်းမှု မြန်ဆန်အောင် ထောက်ပံ့ပေးနိုင်ပါသည် ။

Display ပါဝင်မှုတွင် Sunlight Eye Protection Screen၊90 Hz refresh rate နှင့် High Brightness Mode တို့ ပေါင်းစပ်ထားသောကြောင့် သုံးစွဲရာတွင် လျင်မြန်ချောမွေ့စေရုံသာမက မျက်လုံးညောင်းညာမှုကိုလဲ လျော့ပါးစေပါသည်။ Screen သည် TÜV Rheinland Low Blue Light Certification အသိအမှတ်ပြုထားသောကြောင့် blue light များမှ မျက်လုံးထိခိုက်မှုကို ကာကွယ်ပေးပါသည်။ Y28 တွင် Dual Stereo Speakers အပြင် 300% Audio booster ပါဝင်သောကြောင့် မိမိရှေ့တွင် လာရောက် ဖျော်ဖြေ နေသကဲ့သို့ ပြတ်သားကြည်လင်သည့် အသံအရည်အသွးကို ခံစားရစေမည် ဖြစ်သည်။

“ကျွန်တော်တို့ vivo အနေနဲ့သုံးစွဲသူတွေရဲ့လိုအပ်ချက်တွေကို အစဉ်မပြတ်စောင့်ကြည့်နေပြီး ကြီးမားတဲ့ သိုလှောင်နိုင်စွမ်းနဲ့ ချောမွေ့တဲ့စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ဖို့Y28 ရဲ့ 8 GB RAM + 128 GB ROM ဗားရှင်းအသစ်ကို မိတ်ဆက်ပေးခဲ့တာပါ။ ဒီ Y28 က အသုံးပြုရာမှာ ထစ်ငေါ့ခြင်းမရှိပဲ အက်ပလီကေးရှင်းများစွာ ကို တပြိုင်နက်သုံးနိုင်ခြင်း၊ သိုလှောင်နိုင်စွမ်း ကြီးမားခြင်းတို့ကြောင့် မိမိကြိုက်နှစ်သက်ရာအမှတ်တရများကို လိုအပ်သလို ထားရှိနိုင်ခြင်းတို့ကြောင့် တမူထူးခြားတဲ့ မိုဘိုင်းအတွေ့အကြုံကို ပေးစွမ်းနိုင်မှာဖြစ်တယ်” ဟု vivo Mobile Myanmar ရဲ့ CEO ဖြစ်သူ Mr. Nelson Ni ကပြောကြားခဲ့ပါသည်။

vivo Y28 တွင် ပါးလွှာသည့် ကိုယ်ထည်နှင့် တည်ဆောက်ထားသောကြောင့် 7.99mm အထူသာရှိပြီး ကြီးမားသည့် 6000 mAh ဘက်ထရီကို ထည့်သွင်းပေးထားသောကြောင့် စိတ်ကျေနပ်စရာကောင်းသည့် ဘက်ထရီသက်တမ်းကို ရရှိစေမှာ ဖြစ်ပါသည်။ အရည်အသွေးမြင့်သည့် ဖုန်းတစ်လုံးကို ကိုင်ထားသကဲ့သို့ ခံစားရစေရန် ဘေးဘက်ဘောင်များကို Metallic High-Gloss Frame နှင့် ပေါင်းစပ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ကျောဘက်ကင်မရာ ကင်မရာဒီဇိုင်းကို ဆွဲဆောင်မှုရှိပြီး သေသပ်သည့်ပုံစံကို Dynamic Light က သူမတူသော ဆန်းသစ်မှုကို လုပ်ဆောင်ပေးနိုင်မည် ဖြစ်သည်။ Y28 ၏ Gleaming Orange အရောင်သည် မနက်အာရုဏ်တက်အလင်းရောင်ကို ပုံဖော်ဖန်တီးထားသောကြောင့် ကျော့ရှင်းပြီး တန်ဖိုးကြီးသည့် ခံစားချက်ကိုပေးစွမ်းနိုင်ရုံသာမက Flowing Glitter Particle နည်းပညာကို အသုံးပြုထားသောကြောင့် ဖုန်းကိုကိုင်ထားလိုက်သည်နှင့် တလက်လက်တောက်ပနေမည် ဖြစ်သည်။ Agate Green အရောင်သည် Agate ကျောက် အသွင်ကဲ့သို့ ခန့်ညားထည်ဝါသော ပုံစံဖြစ်စေရန် Glitter AG Technique ကို အသုံးပြုပြီး ဖုန်ဒဏ်၊ လက်ရာထင်တာနှင့် ညစ်ပေမှုဒဏ်များမှ ကာကွယ်ပေးနိုင်ပါသည်။

vivo Y28 ကို ရေရှည်အသုံးပြုနိုင်စေရန် အကြမ်းခံနိုင်မှုကို ဦးစားပေးလုပ်ဆောင်ထားခြင်းဖြစ်ပါသည်။ ၄နှစ်ခံ အာမခံဘက်ထရီလုပ်ဆောင်ချက်ပါဝင်သောကြောင့် အကြိမ် ၁၆၀၀ အားသွင်းပြီးလျှင်တောင် ဘက်ထရီ လုပ်ဆောင်နိုင်စွမ်း သည် ၈၀% အထိကျန်ရှိနေဦးမည်ဖြစ်သည်။ ထို့အပြင် IP64 rating for Dust and Water Resistance ပါဝင်သောကြောင့် ဖုန်ဒဏ်နှင့် ရေစင်မှုများမှ စိတ်ပူစရာမလိုပဲ ပုံမှန်လုပ်ဆောင်ချက်အတိုင်း လုပ်ဆောင် ပေးနိုင်ပါသည်။
Y28 တွင်ပါဝင်သော ကင်မရာလုပ်ဆောင်ချက်များ ဖြစ်သည့် 50 MP HD Main Camera သည် တိကျသော ပုံရိပ်များကို ဖမ်းယူပေးနိုင်ပြီး 8 MP အရှေ့ကင်မရာက Aura Screen Light ပါဝင်သောကြောင့် ပိုမိုတောက်ပသည့် ဓာတ်ပုံကို ကိုယ်တိုင် ရိုက်ယူနိုင်မည် ဖြစ်သည်။ ထို့အပြင် Photo Borders လုပ်ဆောင်ချက်သည် မိမိ၏ အခိုက်အတန့်များကို Dynamic Light နှင့် အတူ ပြီးပြည့်စုံစွာ မှတ်တမ်းတင်ထားနိုင်မည် ဖြစ်သည်။

အခုလို စွမ်းဆောင်ရည်ကောင်းမွန်လှသည့် vivo Y28 ၏ 8GB+ 128GB ဗားရှင်းအသစ် ကို မြန်မာငွေကျပ် ၇၅၉,၈၀၀ကျပ်နှင့် ဩဂုတ်လ ၃ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံတစ်ဝန်းရှိ vivo Showroom များနှင့် အရောင်းကောင်တာများတွင် ဝယ်ယူရှိနိုင်မည် ဖြစ်သည်။vivo Y28 ၏ 8GB+ 128GB ဗားရှင်းအသစ် ကို ဝယ်ယူသူတိုင်းသည် 20000mAh Power Bank ကိုလက်ဆောင်အနေဖြင့် ရရှိမည်ဖြစ်ပြီး ပစ္စည်းလက်ကျန် ရှိသည် အထိသာပေးသွားမည်ဖြစ်ပါသည်။ ထို့အပြင် Y28 ဝယ်ယူပြီး ခဲခြစ်ကံစမ်းနိုင်မည့် အခွင့်အရေးတစ်ခုဖြစ်သည့် ဇူလိုင်လ၂၀ ရက်နေ့မှ ဩဂုတ်လ ၂၀ ရက်နေ့ အထိပြုလုပ်မည့် “Y28ဝယ် အပိုတစ်လုံးသယ် ဝဿန်ခဲခြစ် ကံစမ်းမယ်” အစီအစဥ်တွင်ပါဝင်နိုင်မည်ဖြစ်ပြီး အထူးဆုအနေဖြင့် Y28 ဖုန်း (၁၂) လုံး၊ ပထမဆုအနေဖြင့် ထီးအလက် (၁၅၀၀)၊ ဒုတိယဆုအနေဖြင့် လွယ်အိတ် (၁၅၀၀)၊ တတိယဆုအနေဖြင့် နားကြပ် အခု (၂၀၀၀) နှင့် နှစ်သိမ့်ဆုအနေဖြင့် ဖန်ခွက်အလုံး (၃၀၀၀) အပြင် ဗလာမပါ ဆု‌ပေါင်း (၈၀၀၀) ‌ကျော် ပေးအပ်သွားမည် ဖြစ်သည်။

Media Release: vivo