vivoသည် သူ၏နည်းပညာအသစ်များဖြင့်တိုးတက်ဆန်းသစ်ထားသော စမတ်ဖုန်းစီးရီးထဲတွင်အသစ်ပါဝင်လာမည့် လူအများမျှော်လင့်စောင့်စားနေကြသည့် Y28 ကို တရားဝင်ပွဲထုတ်ကြေငြာခဲ့သည်။ယနေ့ခေတ်စမတ်ဖုန်းအသုံးပြုသူများ၏မတူကွဲပြားသောလိုအပ်ချက်များကို ဖြည့်စည်းပေးနိုင်စေရန် Y28 တွင်လှပဆန်းကြယ်သောဒီဇိုင်းနှင့် ထူးခြားသောစွမ်းဆောင်ရည်တို့ကိုပေါင်းစပ်ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။

vivo Y28 သည် သူ၏ 7.99mm ခန့်သာရှိသောပါးလွှာသောကိုယ်ထည်ထဲတွင် အကြီးစားဘက်ထရီဖြစ်သော 6000mAh ကိုအံ့အားသင့်စရာထည့်သွင်းထားခြင်းဖြင့် စမတ်ဖုန်းတို့၏ဒီဇိုင်းအဆင့်အတန်းကိုမြှင့်တင်ထားပါသည်။ဤသို့ပြုလုပ်ထားခြင်းအားဖြင့်ပါးလွှာသောဖုန်းလေးဖြစ်သော်လည်း အလွန်ကြာရှည်ခံသောဘက်ထရီသက်တမ်းကိုပိုင်ဆိုင်ထားပါသည်။ ကျောဘက်ရှိ  Metallic High-Gloss Frame သည်ထိပ်တန်းအရည်အသွေးမြင့် အသွင်အပြင်ကိုပေးစွမ်းနိုင်ပြီး သီချင်းများ ၊ သတိပေးချက်များနှင့်အတူလှုပ်ရှားနိုင်သည့်Dynamic Light ပါဝင်လာသောကြောင့် နောက်ကင်မရာဒီဇိုင်း၏ထူးခြားမှုသည်ပိုမိုထင်ရှားလာပြီး နှစ်လိုဖွယ်ရာအသွင်အပြင်နှင့်ဆန်းသစ်သောအတွေ့အကြုံများကိုယူဆောင်ပေးနိုင်သည်။ Y28 တွင်အရောင်နှစ်မျိုးရရှိနိုင်မည်ဖြစ်ပြီး တခုဆီတွင်ထူးခြားသောအတွေးအမြင်များနှင့် အနုစိတ်လက်ရာတို့ပေါင်းစပ်ဖန်တီးထားခြင်းဖြစ်သည်။ Gleaming Orangeသည်မနက်ခင်းတွင်ပထမဆုံးထွက်လာသည့်အလင်း၏အရောင်ကိုမှီငြမ်းထားပြီးဖုန်း၏လှုပ်ရှားမှုနှင့်အတူဖြာထွက်နေသောအသွင်အပြင်ကိုရရှိစေရန် Flowing Glitter Particle နည်းပညာကိုအသုံးပြု၍ဖန်တီးထားပါသည်။ Agate Green အရောင်သည် မဟူရာကျောက်တုံးများကိုမှီငြမ်းဖန်တီးထားခြင်းဖြစ်ပြီး Glitter AG Technique ဖြင့်ပြုလုပ်ထားခြင်းကြောင့်နူးညံ့တောက်ပသောအသွင်အပြင်နှင့်အတူ လက်ရာထင်ခြင်း၊ အစင်းထင်ခြင်း၊ ညစ်ထေးခြင်းတို့မဖြစ်ရန်ကာကွယ်ထားပါသည်။

“vivo စမတ်ဖုန်းသည် လျင်မြန်စွာတိုးတက်လာသောသုံးစွဲသူတို့၏ လိုအပ်ချက်များကိုဖြည့်စည်းပေးနိုင်စေရန် နည်းပညာအဆင့်မြှင့်တင်မှုကိုအချိန်နှင့်အမျှ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်ပါသည်။ ကျွန်ုပ်တို့၏သုံးစွဲသူများအပေါ်တွင်ထားသောကတိနှင့်အတူ ယခုမိတ်ဆက်လိုက်သော vivo Y28 သည်လှပစွာဖန်တီးထားပြီးအများထက်ထူးခြားကောင်းမွန်သော သုံးစွဲမှုအတွေ့အကြုံများကိုပေးစွမ်းနိုင်သည့်စမတ်ဖုန်းတလုံးအနေဖြင့်ဂုဏ်ယူစွာထွက်ပေါ်လာပါသည်”ဟု vivo Mobile Myanmar ၏ CEO ဖြစ်သူ Mr. Nelson Ni ကပြောကြားခဲ့ပါသည်။

vivo Y28 တွင် မကြာခဏအားသွင်းရန်မလိုအပ်ပဲ တနေ့တာအသုံးပြုရန်နှင့်ဂိမ်းဆော့ရန် အပြည့်အဝလုံလောက်သောကြီးမားသည့် 6000 mAh ဘက်ထရီကိုတပ်ဆင်ပေးထားပါသည်။ ဘက်ထရီ၏ကြာရှည်အသုံးခံမှုကို 4-Year Battery Health အထိတိုးမြှင့်ပေးထားပြီး အားသွင်းမှုအကြိမ်ရေ၁၆၀၀ကျော်သည့်အချိန်တွင်တောင်ဘက်ထရီ၏ကြံ့ခိုင်မှုမှာ 80% ကျော်ကျန်ရှိနေမည်ဖြစ်သည်။ ကြီးမားသည့်ဘက်ထရီနှင့်လိုက်ဖက်ညီစွာအားသွင်းမြန်သည့် 44W FlashCharge ကိုထည့်သွင်းတပ်ဆင်ပေးထားခြင်းဖြင့်သုံးစွဲသူများအတွက်လျင်မြန်စွာအားသွင်းပြီး ကြာရှည်စွာအသုံးပြုနိုင်မည်ဖြစ်သည်။ vivo Y28 တွင် 8 GB + 8 GB Extended RAM နှင့်256 GB ROM ပါဝင်သည့်အတွက် အချက်အလက်များကိုကြီးမားသည့်မမ်မိုရီတွင် လုံလောက်စွာသိမ်းဆည်းနိုင်ပြီး Appsသုံးစွဲရာတွင်လဲသွက်လက်လျှင်မြန်စွာသုံးစွဲနိုင်မည်ဖြစ်သည်။ ထို့အပြင် 90 Hz refresh rate နှင့် High Brightness Modeတို့ပါဝင်သော Sunlight Eye Protection Screen ကြောင့်နေရောင်အောက်တွင်မျက်စိမထိခိုက်စေပဲ ချောမွေ့သောကြည်လင်သောမျက်နှာပြင်ကို ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ ဖုန်းမှထွက်သော အန္တာရယ်ရှိသည့်အပြာရောင်အလင်းများကိုကာကွယ်ရန် vivo Y28 ၏ မျက်နှာပြင်တွင် TÜV Rheinland Low Blue Light Certification ကိုပါထည့်သွင်းပေးထားသည့်အတွက် ဖုန်းအသုံးများသောသုံးစွဲသူတို့၏မျက်လုံးကို ကာကွယ်ပြီးသားဖြစ်စေပါသည်။ အမြင်အာရုံအတွက်ပြည့်စုံလုံလောက်အောင်တပ်ဆင်ထားရုံသာမက အကြားအာရုံအတွက်လဲ volume ကို300% အထိချဲ့နိုင်သော 300% audio boosterကို Dual Stereo Speakers နှင့်တွဲဖက်တပ်ဆင်ပေးထားသည်ဖြစ်ရာ ပြီးပြည်စုံသောဖျော်ဖြေရေးသုံးစွဲမှု အတွေ့အကြုံကိုရရှိနိုင်မည်ဖြစ်ပါသည်။

အချိန်အကြာကြီးအတူရှိနေမည့် vivo Y28 ၏ စျေးနှုန်းမှာ ၈၃၀၀၀၀ ကျပ်ဖြစ်ပြီး ဇူလိုင်လ(၂၀)ရက်နေ့မှစတင်ပြီးအမြို့မြို့အနယ်နယ်ရှိvivo Showroom များနှင့်အရောင်းကောင်တာရှိသောမိုဘိုင်းဖုန်းအရောင်းဆိုင်များတွင်ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ vivo Y28 ဝယ်ယူသူတိုင်းသည်20000mAh Power Bankကိုလက်ဆောင်အနေဖြင့်ရရှိမည်ဖြစ်ပြီး ပစ္စည်းလက်ကျန်ရှိသည်အထိသာပေးသွားမည်ဖြစ်ပါသည်။ vivo Y28 ဝယ်ယူသူများသည်ဂျုလိုင်လ၂၀ ရက်နေ့မှ ဩဂုတ်လ ၂၀ အထိပြုလုပ်မည့် “Y28 ဝယ်အပိုတစ်လုံးသယ် ဝဿန်ခဲခြစ်ကံစမ်းမယ်” ဟူသော ခဲခြစ်ကံစမ်းမဲအစီအစဉ်တွင်ပါဝင်နိုင်မည်ဖြစ်ပြီးဆုကြီးများအနေဖြင့်Y28 12 လုံး၊ပထမဆုအနေဖြင့် ထီး – 1500၊ဒုတိယဆုအနေဖြင့် လွယ်အိတ် 1500၊ တတိယဆုအနေဖြင့် နားကြပ် 2000နှင့်နှစ်သိမ့်ဆုအနေဖြင့်ဖန်ခွက် 3000 တိတိကို ကံစမ်းရယူနိုင်မည်ဖြစ်သည်။

Media release: vivo