[Zawgyi]

၂၀၁၉ ရဲ႕ ဒုတိယ သုံးလပတ္အစပိုင္းမွာ Vivo ရဲ႕ စမတ္ဖုန္းသစ္ေတြအေၾကာင္း သတင္းအခ်ိဳ႕ထြက္ေပၚလာခဲ့ေပမယ့္ ၿပိဳင္ဘက္ေတြနဲ႔ ႏႈိင္းယွဥ္ရင္ အနည္းငယ္ေနာက္က် ေနတယ္လို႔ ဆိုရမွာပါ။ ဒါ့အျပင္ ကုမၸဏီအေနနဲ႔ သိပ္မၾကာခင္အခ်ိန္အတြင္းမွာ စမတ္ဖုန္းအသစ္ေတြကို ထုတ္ျပဖို႔လည္း အဆင္သင့္မျဖစ္ေသးတဲ့ ပုံစံကိုေတြ႕ျမင္ေနရပါတယ္။

ၿပီးခဲ့တဲ့ရက္က ထြက္ေပၚလာတဲ့ ေပါက္ၾကားမႈအသစ္မွာေတာ့ အသစ္ထြက္လာဖြယ္ရွိတဲ့ Vivo Y3 နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို ေတြ႕ျမင္ရပါတယ္။ Vivo Y3 ဟာ တ႐ုတ္ျပည္တြင္းေဈးကြက္မွာ ဦးဆုံးမိတ္ဆက္သြားဖြယ္ ရွိတယ္လို႔ ယူဆရပါတယ္။ ထြက္ေပၚလာတဲ့ ႐ုပ္ပုံမွာေတာ့ ပန္းႏုေရာင္ ဆန္ဆန္ျမင္ေတြ႕ရပါတယ္။ ဒါေပမယ့္ Peach Power လို႔ အမည္ေပးထားေၾကာင္း သိရပါတယ္။

Vivo Y3 ဟာ ေနာက္ထပ္ အေရာင္တစ္မ်ိဳးလည္း ထြက္ေပၚလာမယ္လို႔သိရၿပီး ဒုတိယအေရာင္ကေတာ့ Peacock Blue လို႔ အမည္ေပးထားတာပါ။ ဒီဖုန္းရဲ႕ မ်က္ႏွာျပင္အြယ္အစားက 6.35-inch ျဖစ္ၿပီး 1544 x 720 resolution ျဖစ္ေၾကာင္းလည္း သိရပါတယ္။ Touchscreen မ်က္ႏွာျပင္ဟာ အျပည့္အဝေတာ့ ျဖစ္ေနမွာမဟုတ္ပါဘူး။ ထိပ္ပိုင္းမွာ Waterdrop Notch တစ္ခုကို ေတြ႕ျမင္ရပါတယ္။

Vivo Y3 ဟာ MediaTek Helio P35 Chipset နဲ႔ျဖစ္ၿပီး 4GB of RAM နဲ႔ တြဲဖက္ထားပါတယ္။ သိုေလွာင္မႈပမာဏက 64GB ဒါမွမဟုတ္ 128GB ဆိုၿပီး ေ႐ြးခ်ယ္ႏိုင္မွာပါ။ ေက်ာဘက္မွာေတာ့ ကင္မရာသုံးလုံး တပ္ဆင္ထားတာေတြ႕ျမင္ရပါတယ္။ 13MP + 8MP + 2MP depth sensor တို႔ျဖစ္ပါတယ္။ 8MP ကင္မရာဟာ Zooming လား ဒါမွမဟုတ္ Ultra-wide လားဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

အေရွ႕ဘက္ မ်က္ႏွာျပင္ေပၚက Waterdrop Notch ထဲမွာေတာ့ 8MP Selfie ကင္မရာကို တပ္ဆင္ေပးထားပါတယ္။ ေက်ာဘက္မွာ Fingerprint sensor ကိုျမင္ေတြ႕ရလို႔ UD fingerprint ေတာ့ ပါဝင္လာမွာ မဟုတ္ပါဘူး။ ဒီအတြက္ ေဈးႏႈန္းသက္သာတဲ့ အမ်ိဳးအစားလို႔ ဆိုရမွာပါ။ ဒါ့အျပင္ USB-C လည္း မပါဝင္ေသးတာကို ေတြ႕ရပါတယ္။ Headphone jack ပါဝင္ၿပီး ဘက္ထရီပမာဏကေတာ့ 5,000mAh လို႔ သိရပါတယ္။

အ႐ြယ္အစားက 159.43 x 76.77 x 8.92 mm ျဖစ္ၿပီး အေလးခ်ိန္ကေတာ့ 190.5g ျဖစ္တယ္လို႔ သိရပါတယ္။ Vivo Y3 နဲ႔ ပတ္သက္ၿပီး ေကာလာဟလအျဖစ္ ထြက္ေပၚထားတဲ့ ေဈးႏႈန္းကေတာ့ CNY 1,400 ျဖစ္ပါတယ္။ $205 ဝန္းက်င္ (ျမန္မာေငြ ၃သိန္း ၁ေသာင္းခြဲဝန္းက်င္) ျဖစ္တာေၾကာင့္ စိတ္ဝင္စားစရာေကာင္းေနတာေတာ့ အမွန္ပါပဲ။

Ref: GSMArena

[Unicode]

Heilo P35 SoC နဲ့ ကျောဘက်ကင်မရာ သုံးလုံးပါဝင်တဲ့ Vivo Y3 ရဲ့ အချက်အလက်အချို့ ပေါက်ကြားလာ

၂၀၁၉ ရဲ့ ဒုတိယ သုံးလပတ်အစပိုင်းမှာ Vivo ရဲ့ စမတ်ဖုန်းသစ်တွေအကြောင်း သတင်းအချို့ထွက်ပေါ်လာခဲ့ပေမယ့် ပြိုင်ဘက်တွေနဲ့ နှိုင်းယှဉ်ရင် အနည်းငယ်နောက်ကျ နေတယ်လို့ ဆိုရမှာပါ။ ဒါ့အပြင် ကုမ္ပဏီအနေနဲ့ သိပ်မကြာခင်အချိန်အတွင်းမှာ စမတ်ဖုန်းအသစ်တွေကို ထုတ်ပြဖို့လည်း အဆင်သင့်မဖြစ်သေးတဲ့ ပုံစံကိုတွေ့မြင်နေရပါတယ်။

ပြီးခဲ့တဲ့ရက်က ထွက်ပေါ်လာတဲ့ ပေါက်ကြားမှုအသစ်မှာတော့ အသစ်ထွက်လာဖွယ်ရှိတဲ့ Vivo Y3 နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို တွေ့မြင်ရပါတယ်။ Vivo Y3 ဟာ တရုတ်ပြည်တွင်းဈေးကွက်မှာ ဦးဆုံးမိတ်ဆက်သွားဖွယ် ရှိတယ်လို့ ယူဆရပါတယ်။ ထွက်ပေါ်လာတဲ့ ရုပ်ပုံမှာတော့ ပန်းနုရောင် ဆန်ဆန်မြင်တွေ့ရပါတယ်။ ဒါပေမယ့် Peach Power လို့ အမည်ပေးထားကြောင်း သိရပါတယ်။

Vivo Y3 ဟာ နောက်ထပ် အရောင်တစ်မျိုးလည်း ထွက်ပေါ်လာမယ်လို့သိရပြီး ဒုတိယအရောင်ကတော့ Peacock Blue လို့ အမည်ပေးထားတာပါ။ ဒီဖုန်းရဲ့ မျက်နှာပြင်အွယ်အစားက 6.35-inch ဖြစ်ပြီး 1544 x 720 resolution ဖြစ်ကြောင်းလည်း သိရပါတယ်။ Touchscreen မျက်နှာပြင်ဟာ အပြည့်အဝတော့ ဖြစ်နေမှာမဟုတ်ပါဘူး။ ထိပ်ပိုင်းမှာ Waterdrop Notch တစ်ခုကို တွေ့မြင်ရပါတယ်။

Vivo Y3 ဟာ MediaTek Helio P35 Chipset နဲ့ဖြစ်ပြီး 4GB of RAM နဲ့ တွဲဖက်ထားပါတယ်။ သိုလှောင်မှုပမာဏက 64GB ဒါမှမဟုတ် 128GB ဆိုပြီး ရွေးချယ်နိုင်မှာပါ။ ကျောဘက်မှာတော့ ကင်မရာသုံးလုံး တပ်ဆင်ထားတာတွေ့မြင်ရပါတယ်။ 13MP + 8MP + 2MP depth sensor တို့ဖြစ်ပါတယ်။ 8MP ကင်မရာဟာ Zooming လား ဒါမှမဟုတ် Ultra-wide လားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အရှေ့ဘက် မျက်နှာပြင်ပေါ်က Waterdrop Notch ထဲမှာတော့ 8MP Selfie ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ ကျောဘက်မှာ Fingerprint sensor ကိုမြင်တွေ့ရလို့ UD fingerprint တော့ ပါဝင်လာမှာ မဟုတ်ပါဘူး။ ဒီအတွက် ဈေးနှုန်းသက်သာတဲ့ အမျိုးအစားလို့ ဆိုရမှာပါ။ ဒါ့အပြင် USB-C လည်း မပါဝင်သေးတာကို တွေ့ရပါတယ်။ Headphone jack ပါဝင်ပြီး ဘက်ထရီပမာဏကတော့ 5,000mAh လို့ သိရပါတယ်။

အရွယ်အစားက 159.43 x 76.77 x 8.92 mm ဖြစ်ပြီး အလေးချိန်ကတော့ 190.5g ဖြစ်တယ်လို့ သိရပါတယ်။ Vivo Y3 နဲ့ ပတ်သက်ပြီး ကောလာဟလအဖြစ် ထွက်ပေါ်ထားတဲ့ ဈေးနှုန်းကတော့ CNY 1,400 ဖြစ်ပါတယ်။ $205 ဝန်းကျင် (မြန်မာငွေ ၃သိန်း ၁သောင်းခွဲဝန်းကျင်) ဖြစ်တာကြောင့် စိတ်ဝင်စားစရာကောင်းနေတာတော့ အမှန်ပါပဲ။

Ref: GSMArena