vivo ကနေ ပြီးခဲ့တဲ့မေလတုန်းက စတင်ပြီး Global စျေးကွက်အတွက် vivo Y36 4G နဲ့ vivo Y36 5G ဖုန်းတွေကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အခုအလည်း နောက်ထပ် ဖုန်းအသစ်တစ်လုံးဖြစ်တဲ့ vivo Y36i ကို ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

vivo Y36i ဟာ 6.56″ HD+ LCD Display ကိုအသုံးပြုထားပြီး 90Hz Refresh Rate အပြင် 180Hz Touch Sampling Rate ကိုပါ ထောက်ပံ့ပေးထားပါတယ်။ ထူးခြားချက်တစ်ခုက Brightness ပိုင်းမှာ အမြင့်ဆုံး 840nits အထိရရှိနိုင်တဲ့အပြင် အနိမ့်ဆုံး 2nits အထိ ဆင်းသုံးနိုင်မှာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့ 13MP Back Camera နဲ့ Anti-stroboscopic Sensor ပါဝင်တဲ့ Back Camera Setup ကို အသုံးပြုထားပြီး 5MP Selfie Camera လည်းပါဝင်မှာပါ။ vivo Y36i ရဲ့ Performance ပိုင်းမှာတော့ MediaTek Dimensity 6020 Chipset ကို အသုံးပြုထားပြီး RAM 4GB အပြင် 128GB Storage ကို ထောက်ပံ့ပေးထားပါတယ်။

Battery ပိုင်းမှာ 5000mAh Battery ကိုမှ 15W Charging ဖြင့် ပြန်လည်အားသွင်းနိုင်မှာဖြစ်သလို Software အနေနဲ့ Android 13 ကို အခြေခံထားတဲ့ OriginOS 3.0 ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ တခြား Feature တွေအနေနဲ့ကတော့ 5G Connectivity ၊ Side Mounted Fingerprint Sensor ၊ USB-C နဲ့ 3.5mm Headphone Jack တွေပါဝင်မှာဖြစ်ပါတယ်။

vivo Y36i ဖုန်းဟာ အရောင်အနေနဲ့ ၃ မျိုးမိတ်ဆက်ထားပြီး စျေးနှုန်းအနေနဲ့ တရုတ်ယွမ်ငွေ ၁,၁၉၉ ယွမ် (မြန်မာငွေ ၅ သိန်း ၈ သောင်း ဝန်းကျင်) ဖြင့်ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena