vivo က တန်ဖိုးနည်း Y36t ကို ကြေညာလိုက်ပြီး တရုတ် Jingdong အွန်လိုင်း စတိုးမှာ ရောင်းချပေးလိုက်ပါတယ်။

Vivo Y36t

Y36t အတွက် Space Black နဲ့ Sapphire Green ၂ ရောင် ထုတ်လုပ်ထားပါတယ်။ 6.56” LCD 1612x720p Display တပ်ဆင်ထားပြီး 60Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Display မှာ အရွယ်သေး Notch တပ်ဆင်ထားပါတယ်။

Vivo Y36t Resmi, HP Murah dengan Memori dan Baterai Besar

vivo Y36t မှာ MediaTek Helio G85 Processor မောင်းနှင်ထာပြီး 6GB LPDDR4X RAM နဲ့ 128GB eMMC5.1 Storage ထည့်သွင်းထားပါတယ်။ 15W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

အနောက်ဘက်မှာ 4x Digital Zoom ပါတဲ့ 13MP Main ကင်မရာနဲ့ အရှေ့ဘက်မှာ ဖုန်းကို Unlock လုပ်ဖို့အတွက် Facial Recognition ပါတဲ့ 5MP ကင်မရာ တပ်ဆင်ထားပါတယ်။ Android 14 အခြေပြု OriginOS 4 မောင်းနှင်ထားပါတယ်။

vivo Y36t ကို တရုတ်က Jingdong မှာ ၁၀၅ ဒေါ်လာနဲ့ ရောင်းချပေးထားပါတယ်။

Ref : gizmochina