[Zawgyi]

စြမ္းရည္သင့္ Vivo Y19 ကို မၾကာခင္က ထိုင္းမွာ ေၾကညာခဲ့ပါတယ္။ အဲဒီဖုန္းရဲ႕ Specs နဲ႔ ဒီဇိုင္းေတြဟာ တရုတ္ အာဏာပိုင္ေတြရဲ႕ Database မွာ မၾကာခင္ကထြက္လာခဲ့တဲ့ Vivo  ဖုန္း ၁ လံုးနဲ႔ တူေနပါတယ္။ ေမာ္ဒယ္နံပါတ္က V1934A ျဖစ္ၿပီး နာမည္က Vivo Y5s ျဖစ္ပါတယ္။ အဲဒီအတြက္ Vivo Y19 ကို တရုတ္မွာ Vivo Y5s နာမည္နဲ႔ ေၾကညာႏိုင္ပါတယ္။

Database အရ Vivo Y5s ရဲ႕ အရြယ္အစား အျပည့္အစံုဟာ 162.15 x 76.47 x 8.89mm နဲ႔ ၁၉၃ ဂရမ္ အေလးခ်ိန္ရွိပါတယ္။ ၆.၅၃ လက္မ IPS LCD Display နဲ႔ Waterdrop Notch ပါပါတယ္။ 1080x2340p Full HD+ Display နဲ႔ 19.5:9 Aspect Ratio ျဖစ္ပါတယ္။ MT6768 MediaTek Helio P65 processor ေမာင္းႏွင္ထားပါတယ္။ Y19 မွာေတာ့ 6GB RAM Model ပဲ ထုတ္ထားပါတယ္။ ဒါေပမယ့္ တရုတ္ရဲ႕ Y5s အတြက္ 4GB နဲ႔ 6GB RAM Model ေတြ ထုတ္လုပ္ထားပါတယ္။ ေမာ္ဒယ္ ၂ ခုစလံုးမွာ 128GB Storage နဲ႔ microSD Card Slot ပါပါတယ္။

အရြယ္ႀကီး 5,000mAh Battery နဲ႔ Android 9 Pie OS ထည့္ထားပါတယ္။ ဆဲလ္ဖီး ကင္မရာက 16MP နဲ႔ အေနာက္ကင္မရာ ၃ လံုး ပါပါတယ္။ 16MP Main , 8MP နဲ႔ 2MP ေတြ ျဖစ္ပါတယ္။ လက္ေဗြရာအာရံုခံ ကိရိယာကို အေနာက္ဘက္မွာ ျမွပ္ႏွံထားပါတယ္။

တရုတ္မွာ ဒီလ ၇ ရက္ေန႔မွာ ေၾကညာေတာ့မွာပါ။ အနက္၊ အျပာနဲ႔ အစိမ္းေရာင္ေတြ ေရြးခ်ယ္ႏုိင္ပါတယ္။ 4GB နဲ႔ 6GB RAM Model ေတြကို ၁၃၉၈ ယြမ္နဲ႔ ၁၅၉၈ ယြမ္ အသီးသီး သတ္မွတ္ထားမယ္လို႔သိရပါတယ္။ ျမန္မာေငြ ၃၀၀,၀၀၀ နဲ႔ ၃၄၀,၀၀၀ ေလာက္ရွိပါတယ္။ ေစ်းႏႈန္းက သိပ္ေတာ့ မေသခ်ာေသးပါဘူး။

Ref : gizmochina

[Unicode]

Vivo Y19 ကို တရုတ်မှာ Vivo Y5s နာမည်နဲ့ ကြေညာနိုင်

စွမ်းရည်သင့် Vivo Y19 ကို မကြာခင်က ထိုင်းမှာ ကြေညာခဲ့ပါတယ်။ အဲဒီဖုန်းရဲ့ Specs နဲ့ ဒီဇိုင်းတွေဟာ တရုတ် အာဏာပိုင်တွေရဲ့ Database မှာ မကြာခင်ကထွက်လာခဲ့တဲ့ Vivo ဖုန်း ၁ လုံးနဲ့ တူနေပါတယ်။ မော်ဒယ်နံပါတ်က V1934A ဖြစ်ပြီး နာမည်က Vivo Y5s ဖြစ်ပါတယ်။ အဲဒီအတွက် Vivo Y19 ကို တရုတ်မှာ Vivo Y5s နာမည်နဲ့ ကြေညာနိုင်ပါတယ်။

Database အရ Vivo Y5s ရဲ့ အရွယ်အစား အပြည့်အစုံဟာ 162.15 x 76.47 x 8.89mm နဲ့ ၁၉၃ ဂရမ် အလေးချိန်ရှိပါတယ်။ ၆.၅၃ လက်မ IPS LCD Display နဲ့ Waterdrop Notch ပါပါတယ်။ 1080x2340p Full HD+ Display နဲ့ 19.5:9 Aspect Ratio ဖြစ်ပါတယ်။ MT6768 MediaTek Helio P65 processor မောင်းနှင်ထားပါတယ်။ Y19 မှာတော့ 6GB RAM Model ပဲ ထုတ်ထားပါတယ်။ ဒါပေမယ့် တရုတ်ရဲ့ Y5s အတွက် 4GB နဲ့ 6GB RAM Model တွေ ထုတ်လုပ်ထားပါတယ်။ မော်ဒယ် ၂ ခုစလုံးမှာ 128GB Storage နဲ့ microSD Card Slot ပါပါတယ်။

အရွယ်ကြီး 5,000mAh Battery နဲ့ Android 9 Pie OS ထည့်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP နဲ့ အနောက်ကင်မရာ ၃ လုံး ပါပါတယ်။ 16MP Main , 8MP နဲ့ 2MP တွေ ဖြစ်ပါတယ်။ လက်ဗွေရာအာရုံခံ ကိရိယာကို အနောက်ဘက်မှာ မြှပ်နှံထားပါတယ်။

တရုတ်မှာ ဒီလ ၇ ရက်နေ့မှာ ကြေညာတော့မှာပါ။ အနက်၊ အပြာနဲ့ အစိမ်းရောင်တွေ ရွေးချယ်နိုင်ပါတယ်။ 4GB နဲ့ 6GB RAM Model တွေကို ၁၃၉၈ ယွမ်နဲ့ ၁၅၉၈ ယွမ် အသီးသီး သတ်မှတ်ထားမယ်လို့သိရပါတယ်။ မြန်မာငွေ ၃၀၀,၀၀၀ နဲ့ ၃၄၀,၀၀၀ လောက်ရှိပါတယ်။ ဈေးနှုန်းက သိပ်တော့ မသေချာသေးပါဘူး။

Ref : gizmochina