[Zawgyi]





Ref : gizmochina

[Unicode]

5,000mAh Battery ပါတဲ့ Vivo Y5s ကို ကွညော

Vivo က သူ့ရဲ့ဝက်ဘ်ဆိုက်မှာ Y5s ကို တင်လိုက်ပြီး အဲဒီ ဖုန်းရဲ့ Spes အပြည့်အစုံနဲ့ ဈေးနှုန်းတွေကို သိရပါပြီ။ Vivo Y5s မှာ ၆.၅၃ လက်မ IPS LCD Display တပ်ဆင်ထားပြီး Waterdrop Notch ပါပါတယ်။ Full HD+ Resolution (1080×2340 pixels) ဖြစ်ပြီး တစ်လက်မမှာ Pixel သိပ်သည်းဆက ၃၉၄ ဖြစ်ပါတယ်။ 19.5:9 Aspect Ratio ကို ထောက်ပံ့ထားပြီး Screen-to-body Ratio က ၉၀.၃ ရာခိုင်နှုန်း ဖြစ်ပါတယ်။

2.0GHz Octa-core Helio P65 Chipset , 6GB RAM နဲ့ 128GB Storage တွေ ပါပါတယ်။ microSD Card Slot လည်း ထည့်ထားပါတယ်။ AI Triple Camera တပ်ဆင်ထားပြီး LED Flash ၁ လုံးလည်း ပါပါတယ်။ အနောက်ဘက်မှာ 16MP Main , 8MP 120 Degree Superwide နဲ့ 2MP Depth Sensor တွေ တပ်ဆင်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပြီး AI လုပ်ဆောင်ချက်တွေ ပါပါတယ်။ SuperHDR, Panorama, Portrait Mode , Professional Mode , Time-lapse နဲ့ Full HD Video Recording တွေ ပါပါတယ်။

Android 9 Pie အခြေပြု FunTouch OS 9.2 UI မောင်းနှင်ထားပါတယ်။ Multi Turbo နည်းပညာက စွမ်းဆောင်ရည်ကို ချောမွတ်စေပါတယ်။ ဂိမ်းကစားသူတွေအတွက် Game Magic Box လုပ်ဆောင်ချက်က မိုက်ပါတယ်။ ပါဝါခလုတ်ကို ၂ ချက်နှိပ်ရင် Jovi AI Assistant ကို ဆင့်ခေါ်နိုင်ပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပြီး Face Unlock လည်း ပါပါတယ်။ 18W အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားတဲ့ 5000mAh Battery ကို ထည့်သွင်းပေးထားပါတယ်။

Dual 4G VoLTE, Wi-Fi 802.11ac, Bluetooth 5.0, GPS, microUSB နဲ့ 3.5mm audio jack တွေ တပ်ဆင်ထားပါတယ်။ တရုတ်မှာ ၁,၄၉၈ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၃၂၀,၀၀၀ လောက်ရှိပါတယ်။ အနက်၊ အစိမ်းနဲ့ အပြာရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina