Vivo ကနေ ပြီးခဲ့တဲ့အချိန်တုန်းက Vivo V9 စမတ်ဖုန်းကို တရားဝင်ပြသခဲ့ပြီးတော့ အခုအချိန်မှာတော့ Midrange ဖုန်းတစ်ခုဖြစ်လာမယ့် Vivo Y71 စမတ်ဖုန်းက တရုတ်နိုင်ငံ TENAA Website မှာ တွေ့လာရပါတယ်။

အခု Vivo Y71 စမတ်ဖုန်းဟာ Vivo ရဲ့ ဒီနှစ်အတွက် ဈေးအသက်သာဆုံးသော Model ဖြစ်လာနိုင်ပေမယ့် Specification တွေအရတော့ မဆိုးဘူးလို့ပြောလို့ရပါတယ်။

Processor အနေနဲ့ Qualcomm Snapdragon 425 Processor ကိုအသုံးပြုလာမှာဖြစ်ပြီးတော့ RAM 3GB ၊ ROM 32GB ပါဝင်မှာဖြစ်ပါတယ်။ အခု Processor ဟာ အရမ်းကောင်းတယ်လို့တော့ ပြောလို့မရပေမယ့် တရားဝင်ရောင်းတော့မှ ဈေးနဲ့ ပြန်ပြီး ချိန်ထိုးကြည့်ရမှာပါ။

ကင်မရာအနေနဲ့တော့ 13MP Camera နဲ့ 5MP Selfie Camera တွေပါဝင်မှာဖြစ်ပြီးတော့ Dual Camera စနစ်တွေတော့ ပါဝင်မှာမဟုတ်ပါဘူး။ Battery အနေနဲ့ 3285mAh Battery ပါဝင်ပြီးတော့ Android 8.0 OS ကို အသုံးပြုလာမယ်လို့ ယူဆရပါတယ်။

အခု Vivo Y71 စမတ်ဖုန်းကို တရားဝင်ကြေငြာမယ့် ရက်ကိုတော့ လာမယ့် ဧပြီရယ် ၅ ရက်နေ့လို့ ပြောကြားထားပြီးတော့ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၁၅၀ ဝန်းကျင်ရှိမယ်လို့ သိရပါတယ်။