Vivo ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Vivo V9 စမတ်ဖုန်းကို ထုတ်လုပ်ခဲ့ပြီးတော့ အခုအချိန်မှာတော့ Vivo ကနေ Budget Series စမတ်ဖုန်းကို FullView Display နဲ့အတူ ထုတ်လုပ်လိုက်ပြီပဲဖြစ်ပါတယ်။

အခုထုတ်လုပ်လိုက်တဲ့ စမတ်ဖုန်းကို Vivo Y71 လို့ နာမည်ပေးထားပြီးတော့ 5.99″ 18:9 Ratio Display ပါဝင်တဲ့ HD Display ကို ထည့်သွင်းထားတာဖြစ်ပါတယ်။ Processor ပိုင်းအနေနဲ့ကတော့ Snapdragon 450 Processor နဲ့အတူ RAM 3GB နဲ့ ROM 16GB ပါဝင်မှာဖြစ်ပါတယ်။ MicroSD Card နဲ့ Storage ထပ်တိုးလို့ရဦးမှာပါ။

Camera ပိုင်းအနေနဲ့တော့ 13MP Back Camera နဲ့အတူ 5MP Front Camera ပါဝင်မှာဖြစ်ပြီးတော့ Fingerprint Scanner တော့ပါဝင်မှာမဟုတ်ပဲ Selfie Camera မှာပဲ Face Unlock စနစ်ပဲပါဝင်မှာပါ။

Battery အနေနဲ့တော့ 3360mAh Battery ပါဝင်မှာဖြစ်ပြီး Android 8.0 Oreo ပါဝင်လာမယ်လို့ သိရပါတယ်။ ဈေးနှုန်းအနေနဲ့တော့ Vivo Y71 စမတ်ဖုန်းကို ဒေါ်လာ ၁၃၀ ဝန်းကျင်နဲ့ ရောင်းချသွားမှာပါ။