Vivo ကနေ လက်ရှိအချိန်မှာ အမြင့်ပိုင်းစမတ်ဖုန်းတွေဖြစ်တဲ့ Vivo V9 စမတ်ဖုန်းနဲ့ Vivo X21 စမတ်ဖုန်းတွေကို ထုတ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုအချိန်မှာ Vivo ကနေ Mid Range ဖုန်းသစ် ၂ မျိုးကို ထုတ်လုပ်ဦးမယ့်ပုံပါပဲ။

အခု Vivo ကနေ အသစ်ထုတ်လုပ်မယ့် စမတ်ဖုန်း ၂ မျိုးကတော့ Vivo Y75s နဲ့ Y83 စမတ်ဖုန်းတွေဖြစ်ပြီးတော့ ဈေးနှုန်းအသင့်အတင့်နဲ့ Mid Range စမတ်ဖုန်းဈေးကွက်ထဲကို ဝင်ရောက်လာမှာပဲဖြစ်ပါတယ်။

Vivo Y75s စမတ်ဖုန်းက Vivo V7+ စမတ်ဖုန်းနဲ့ တူညီပြီးတော့ 5.99″ Display တပ်ဆင်ထားမှာဖြစ်ပြီးတော့ Resolution အနေနဲ့ကတာ့ HD+ Resolution ပဲရှိမှာဖြစ်တယ်လို့ သိရပါတယ်။ Processor ပိုင်းအနေနဲ့ကတော့ Qualcomm Snapdragon 450 Processor ကို အသုံးပြုလာမှာဖြစ်ပြီးတော့ RAM 4GB နဲ့ 64GB Storage လည်းပါဝင်ဦးမှာပါ။

Vivo Y75s စမတ်ဖုန်းက 13MP Back Camera နဲ့အတူ 16MP Selfie Camera ကို တပ်ဆင်ထားမှာဖြစ်ပြီးတော့ Selfie Flashlight လည်း ပါဝင်ဦးမှာဖြစ်ပါတယ်။ Battery အနေနဲ့တော့ 3225mAh Battery ပါဝင်မယ်လို့ သိရပါတယ်။

နောက်ဖုန်းတစ်ခုဖြစ်တဲ့ Vivo Y83 စမတ်ဖုန်းမှာတော့ ပိုပြီးကြီးမားပြီး Vivo V9 လိုမျိုး 6.22″ Notch Display ကို အသုံးပြုထားပြီး Octa Core 2.0 Ghz ၊ RAM 4GB နဲ့ Storage 64GB ပါဝင်မယ်လို့ သိရပါတယ်။

အခု Vivo Y83 ဟာ ကင်မရာပိုင်းအနေနဲ့ကတော့ အနည်းငယ်စွမ်းဆောင်ရည်နိမ့်ပြီးတော့ 13MP Back Camera နဲ့အတူ 8MP Front Selfie Camera ပါဝင်မယ်လို့ သိရပါတယ်။

အခု Vivo ရဲ့ Mid Range ဖုန်း ၂ လုံးဟာ တရားဝင်မကြေညာရသေးပေမယ့် မကြာခင် ရောင်းချတော့မယ်လို့ ခန့်မှန်းရပါတယ်။