Vivo က Android 10 အခြေပြုထားတဲ့ အဓိက Funtouch Update ကို အိန္ဒိယမှာ Vivo Z1 Pro နဲ့ Vivo Z1x အတွက် ဖြန့်ချိပေးလိုက်ပါတယ်။ Z1 Pro ကို အိန္ဒိယမှာ ၂၀၁၉ ခုနှစ် ဇူလိုင်လနဲ့ Z1x ကို စက်တင်ဘာလမှာ ရောင်းချခဲ့ပြီး ၂ လုံးစလုံးမှာ Android 9.0 Pie အခြေပြု Funtouch OS 9 မောင်းနှင်ထားပါတယ်။ နောက်ဆုံးထုတ် Funtouch OS 10 မှာ UI Design ၊ Icons ၊ Off-screen Clock အသစ်တွေ ပါလာပြီး Live Wallpaper ထည့်သွင်းထားပါတယ်။ Jovi Virtual Assistant ပိုကောင်းလာတဲ့ အပြင် တခြား လုပ်ဆောင်ချက်တွေ ပါလာပါတယ်။

Vivo Z1Pro PD1911F_EX_A_1.7.8 Funtouch OS 10 Update ရဲ့ အရွယ်အစားဟာ 3.1GB ရှိပြီး ၂၀၂၀ မေလအတွက် Android Security Patch ပါလာပါတယ်။ Z1x PD1921F_EX_A_1.11.4 Update ရဲ့ အရွယ်အစားဟာ 3.32GB ရှိပါတယ်။

Vivo က စမ်းသပ်တဲ့ အနေနဲ့ အနည်းငယ်ပဲ ဖြန့်ချိပေးထားတာ ဖြစ်ပြီး မကြာခင်မှာ လူတိုင်း ရကြမယ်လို့ အတည်ပြုလိုက်ပါတယ်။ တခြား ဖုန်းတွေအတွက် ဖြန့်ချိပေးမယ့် အချိန်ကို Vivo က မပြောသေးပါဘူး။ Changelog ကို အောက်မှာ လေ့လာနိုင်ပါတယ်။

Ref : fonearena