Zawgyi

Vivo Z3i ဆိုတာကေတာ့ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ မၾကာေသးမီက မိတ္ဆက္ထားတဲ့ Vivo V11i ကို ဆိုလိုတာပါ။ အိႏၵိယႏိုင္ငံမွာေတာ့ Vivo V11i ကို V11 အျဖစ္ ကင္ပြန္းတပ္ထားၿပီး၊ Vivo V11 ကိုေတာ့ V11 Pro အျဖစ္ ကင္ပြန္းတပ္ထားပါတယ္။

Vivo V11i နဲ႔ Vivo Z3i တို႔က ဒီဇိုင္းနဲ႔ Specification ေတာ္ေတာ္မ်ားမ်ားမွာ တူညီေနေပမယ့္ ကင္မရာ Sensor အသုံးျပဳတဲ့ ေနရာမွာေတာ့ အနည္းငယ္ ကြဲျပားေနတာကို ေတြ႕ရပါတယ္။ Vivo V11i ရဲ႕ ေနာက္ေက်ာဘက္ ကင္မရာ အပိုင္းအတြက္ 16MP+5MP Camera ေတြကို တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 25MP Camera ကို တပ္ဆင္ထားပါတယ္။ Vivo Z3i ရဲ႕ ကင္မရာ အပိုင္းကိုေတာ့ 16MP+2MP Camera ကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 24MP Camera ကို တပ္ဆင္ထားပါတယ္။

က်န္တဲ့ Specification ေတြကေတာ့ Vivo V11i မွာ အသုံးျပဳထားတဲ့ MediaTek Helio P60 SoC, 6.3-inches IPS LCD Display (1080 x 2280 pixels), 3315mAh Battery တို႔နဲ႔ အတူတူပဲ ျဖစ္ပါတယ္။ Vivo Z3i ကို အေရာင္ေတြအေနနဲ႔ Aurora Blue နဲ႔ Millenium Powder ဆိုၿပီး အေရာင္ ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ၿပီး တ႐ုတ္ႏိုင္ငံမွာ ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းကေတာ့ တ႐ုတ္ေငြ ၂၃၉၈ ယြမ္ (ျမန္မာေငြ ၅သိန္းခြဲ ဝန္းက်င္) ျဖစ္ပါတယ္။ Vivo Z3i ရဲ႕ ေစ်းႏႈန္းဟာ In-display Fingerprint နဲ႔ Super AMOLED Display ကို အသုံးျပဳထားတဲ့ Vivo V11 ရဲ႕ ျပည္တြင္းေစ်းႏႈန္းနဲ႔ ညီမွ်ပါတယ္။

Ref: gadgets.ndtv

Unicode

Vivo Z3i ကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်

Vivo Z3i ဆိုတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မကြာသေးမီက မိတ်ဆက်ထားတဲ့ Vivo V11i ကို ဆိုလိုတာပါ။ အိန္ဒိယနိုင်ငံမှာတော့ Vivo V11i ကို V11 အဖြစ် ကင်ပွန်းတပ်ထားပြီး၊ Vivo V11 ကိုတော့ V11 Pro အဖြစ် ကင်ပွန်းတပ်ထားပါတယ်။

Vivo V11i နဲ့ Vivo Z3i တို့က ဒီဇိုင်းနဲ့ Specification တော်တော်များများမှာ တူညီနေပေမယ့် ကင်မရာ Sensor အသုံးပြုတဲ့ နေရာမှာတော့ အနည်းငယ် ကွဲပြားနေတာကို တွေ့ရပါတယ်။ Vivo V11i ရဲ့ နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် 16MP+5MP Camera တွေကို တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 25MP Camera ကို တပ်ဆင်ထားပါတယ်။ Vivo Z3i ရဲ့ ကင်မရာ အပိုင်းကိုတော့ 16MP+2MP Camera ကို နောက်ကျောဘက်မှာ တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 24MP Camera ကို တပ်ဆင်ထားပါတယ်။

 

ကျန်တဲ့ Specification တွေကတော့ Vivo V11i မှာ အသုံးပြုထားတဲ့ MediaTek Helio P60 SoC, 6.3-inches IPS LCD Display (1080 x 2280 pixels), 3315mAh Battery တို့နဲ့ အတူတူပဲ ဖြစ်ပါတယ်။ Vivo Z3i ကို အရောင်တွေအနေနဲ့ Aurora Blue နဲ့ Millenium Powder ဆိုပြီး အရောင် ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပြီး တရုတ်နိုင်ငံမှာ ရောင်းချသွားမယ့် စျေးနှုန်းကတော့ တရုတ်ငွေ ၂၃၉၈ ယွမ် (မြန်မာငွေ ၅သိန်းခွဲ ဝန်းကျင်) ဖြစ်ပါတယ်။ Vivo Z3i ရဲ့ စျေးနှုန်းဟာ In-display Fingerprint နဲ့ Super AMOLED Display ကို အသုံးပြုထားတဲ့ Vivo V11 ရဲ့ ပြည်တွင်းစျေးနှုန်းနဲ့ ညီမျှပါတယ်။

Ref: gadgets.ndtv