[Zawgyi]

Vivo အေနနဲ႔ သူတို႔ရဲ႕ မ်ိဴးဆက္သစ္ Mid-range စမတ္ဖုန္း အမ်ိဴးအစားျဖစ္တဲ့ Vivo Z3x ကို တ႐ုတ္ႏိုင္ငံမွာ တရားဝင္ မိတ္ဆက္လိုက္တာပါ။ Vivo Z3x ဟာ ၂၀၁၈ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Vivo V9, Vivo Z1 တို႔နဲ႔ ဒီဇိုင္းပိုင္း ဆင္တူေပမယ့္ Specifications အပိုင္းမွာေတာ့ အနည္းငယ္ ကြဲျပားျခားနားစြာ ပြဲထြက္လာခဲ့ပါတယ္။

Vivo Z3x ရဲ႕ Display အပိုင္းအတြက္ ၆.၂၆လက္မ မ်က္ႏွာျပင္အက်ယ္ရွိၿပီး FHD+ ( 1080 x 2280 pixels ) Resolution ရွိတဲ့ LCD Display ကို အသုံးျပဳထားပါတယ္။ Processor အပိုင္းအတြက္ Snapdragon 660 SoC ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 4GB ပါဝင္မွာပါ။ Memory Storage ကိုေတာ့ 64GB ထည့္သြင္းေပးထားတယ္လို႔ သိရပါတယ္။

ေနာက္ေက်ာဘက္မွာ 13MP Main Camera ကို 2MP Depth Sensor နဲ႔အတူ တြဲဖက္တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္ Notch ထဲမွာေတာ့ Aperture f/2.0 အက်ယ္ရွိ 16MP Camera ကို ထည့္သြင္းတပ္ဆင္ေပးထားပါတယ္။ လုံၿခဳံေရးအပိုင္းအတြက္ Fingerprint Sensor ကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ေပးထားသလို Face Unlock စနစ္ကိုလည္း အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏ 3260mAh ထည့္သြင္းေပးထားေပမယ့္ အျမန္အားသြင္းစနစ္ ပါ/မပါ ကိုေတာ့ အတိအက် မသိရပါဘူး။

 

Vivo Z3x ကို အေရာင္ေတြအေနနဲ႔ Red, Purple နဲ႔ Black အဆိုၿပီး အေရာင္ ၃မ်ိဴး ထုတ္လုပ္ထားပါတယ္။ ေစ်းႏႈန္းကေတာ့ တ႐ုတ္ေငြ ၁၁၉၈ ယြမ္ (ျမန္မာေငြ ၂၇၀,၀၀၀ က်ပ္ ဝန္းက်င္) က်သင့္မွာ ျဖစ္ၿပီး တ႐ုတ္ႏိုင္ငံမွာပဲ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Ref : Gizmochina

[Unicode]

Snapdragon 660 အသုံးပြု Vivo Z3x ကို တရုတ်ငွေ ၁၁၉၈ ယွမ်နဲ့ ရောင်းချလိုက်တဲ့ Vivo

Vivo အနေနဲ့ သူတို့ရဲ့ မျိူးဆက်သစ် Mid-range စမတ်ဖုန်း အမျိူးအစားဖြစ်တဲ့ Vivo Z3x ကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်တာပါ။ Vivo Z3x ဟာ ၂၀၁၈ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Vivo V9, Vivo Z1 တို့နဲ့ ဒီဇိုင်းပိုင်း ဆင်တူပေမယ့် Specifications အပိုင်းမှာတော့ အနည်းငယ် ကွဲပြားခြားနားစွာ ပွဲထွက်လာခဲ့ပါတယ်။

Vivo Z3x ရဲ့ Display အပိုင်းအတွက် ၆.၂၆လက်မ မျက်နှာပြင်အကျယ်ရှိပြီး FHD+ ( 1080 x 2280 pixels ) Resolution ရှိတဲ့ LCD Display ကို အသုံးပြုထားပါတယ်။ Processor အပိုင်းအတွက် Snapdragon 660 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 64GB ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

နောက်ကျောဘက်မှာ 13MP Main Camera ကို 2MP Depth Sensor နဲ့အတူ တွဲဖက်တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင် Notch ထဲမှာတော့ Aperture f/2.0 အကျယ်ရှိ 16MP Camera ကို ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။ လုံခြုံရေးအပိုင်းအတွက် Fingerprint Sensor ကို နောက်ကျောဘက်မှာ တပ်ဆင်ပေးထားသလို Face Unlock စနစ်ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 3260mAh ထည့်သွင်းပေးထားပေမယ့် အမြန်အားသွင်းစနစ် ပါ/မပါ ကိုတော့ အတိအကျ မသိရပါဘူး။

Vivo Z3x ကို အရောင်တွေအနေနဲ့ Red, Purple နဲ့ Black အဆိုပြီး အရောင် ၃မျိူး ထုတ်လုပ်ထားပါတယ်။ စျေးနှုန်းကတော့ တရုတ်ငွေ ၁၁၉၈ ယွမ် (မြန်မာငွေ ၂၇၀,၀၀၀ ကျပ် ဝန်းကျင်) ကျသင့်မှာ ဖြစ်ပြီး တရုတ်နိုင်ငံမှာပဲ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref : Gizmochina