Zawgyi

Vivo ဟာ တရုတ္ျပည္တြင္းေစ်းကြက္အတြက္ Vivo Z5i အမည္ရ စမတ္ဖုန္းသစ္ကို ထပ္မံမိတ္ဆက္လိုက္ၿပီး Vivo Z5 နဲ႔ Z5x တုိ႔ရဲ႕ ေနာက္ထပ္မိသားစုဝင္ျဖစ္ပါတယ္။ Vivo Z5i ဟာ စမတ္ဖုန္းအသစ္တစ္လုံးအျဖစ္ မိတ္ဆက္လာခဲ့ေပမယ့္ ေရွ႕မွာ တရုတ္ေစ်းကြက္အတြင္း မိတ္ဆက္ခဲ့ဖူးတဲ့ Vivo U3 ကုိပဲ အမည္ေျပာင္းလဲလာခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ Vivo U3 နဲ႔ယွဥ္ရင္ေတာ့ Z5i ဟာ ပုိမ်ားတဲ့ မန္မုိရီပမာဏ ပါဝင္လာပါတယ္။

Vivo Z5i ရဲ႕ကုိယ္ထည္အခ်ဳိးဟာ 162.15 x 76.47 x 8.89mm ရွိၿပီး အေလးခ်ိန္က 193g ရွိပါတယ္။ မ်က္ႏွာျပင္က 6.53” လက္မ IPS LCD Display ျဖစ္ၿပီး Aspect Ratio 19.5:9 နဲ႔ျဖစ္ပါတယ္။ ဖုန္းရဲ႕ Screen-to-body အခ်ဳိးကေတာ့ 90.3% ေတာင္ရွိတယ္လို႔ ေၾကညာလာပါတယ္။

အတြင္းမွာ Snapdragon 675 ခ်စ္ပ္ဆက္အသုံးျပဳလာၿပီး 8GB RAM / 128GB Storage မန္မုိရီအတြဲနဲ႔ တြဲဖက္ထားပါတယ္။ စက္ႏွင္စနစ္က Android 9 Pie OS ကုိအေျခခံထားတဲ့ FunTouch OS 9.2 UI နဲ႔ သုံးစြဲရမွာပါ။ သူ႕မွာ Jovi AI Voice Assistant စနစ္နဲ႔အတူ Jovi Smart Screen, Jovi Homepage နဲ႔ Smart Desktop Feature ေတြလည္း ပါဝင္လာတယ္။ Battery က 5,000 mAh အႀကီးစားျဖစ္ၿပီး အားသြင္းစနစ္က 18W ပါ။

Vivo Z5i မွာ ေနာက္ဘက္ Triple-cam အတြဲပါဝင္လာၿပီး အဓိက 16MP f/1.78 Lens နဲ႔အတူ 8MP Ultra-wide နဲ႔ 2MP Macro ကင္မရာေတြ ပါဝင္လာပါတယ္။ ေရွ႕ဘက္က Waterdrop Notch ေလးထဲမွာေတာ့ 16MP f/2.0 Sensor တစ္ခု ထည့္သြင္းေပးထားတယ္။ Fingerprint ကေတာ့ ေနာက္ဘက္မွာပဲ တပ္ဆင္ထားၿပီး Face Unlock လည္း ပါပါတယ္။

Glazed Black နဲ႔ Jade Blue ကာလာႏွစ္မ်ဳိးျဖင့္ ထြက္ရွိလာတဲ့ Vivo Z5i ဟာ တရုတ္ေစ်းကြက္အတြင္းမွာေတာ့ ယြမ္ ၁၇၉၈ (ျမန္မာေငြ သုံးသိန္းကုိးေသာင္းနီးပါး) သတ္မွတ္လာပါတယ္။

Ref – Gizmo China

Unicode

Vivo ဟာ တရုတ်ပြည်တွင်းဈေးကွက်အတွက် Vivo Z5i အမည်ရ စမတ်ဖုန်းသစ်ကို ထပ်မံမိတ်ဆက်လိုက်ပြီး Vivo Z5 နဲ့ Z5x တို့ရဲ့ နောက်ထပ်မိသားစုဝင်ဖြစ်ပါတယ်။ Vivo Z5i ဟာ စမတ်ဖုန်းအသစ်တစ်လုံးအဖြစ် မိတ်ဆက်လာခဲ့ပေမယ့် ရှေ့မှာ တရုတ်ဈေးကွက်အတွင်း မိတ်ဆက်ခဲ့ဖူးတဲ့ Vivo U3 ကိုပဲ အမည်ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Vivo U3 နဲ့ယှဉ်ရင်တော့ Z5i ဟာ ပိုများတဲ့ မန်မိုရီပမာဏ ပါဝင်လာပါတယ်။

Vivo Z5i ရဲ့ကိုယ်ထည်အချိုးဟာ 162.15 x 76.47 x 8.89mm ရှိပြီး အလေးချိန်က 193g ရှိပါတယ်။ မျက်နှာပြင်က 6.53” လက်မ IPS LCD Display ဖြစ်ပြီး Aspect Ratio 19.5:9 နဲ့ဖြစ်ပါတယ်။ ဖုန်းရဲ့ Screen-to-body အချိုးကတော့ 90.3% တောင်ရှိတယ်လို့ ကြေညာလာပါတယ်။

အတွင်းမှာ Snapdragon 675 ချစ်ပ်ဆက်အသုံးပြုလာပြီး 8GB RAM / 128GB Storage မန်မိုရီအတွဲနဲ့ တွဲဖက်ထားပါတယ်။ စက်နှင်စနစ်က Android 9 Pie OS ကိုအခြေခံထားတဲ့ FunTouch OS 9.2 UI နဲ့ သုံးစွဲရမှာပါ။ သူ့မှာ Jovi AI Voice Assistant စနစ်နဲ့အတူ Jovi Smart Screen, Jovi Homepage နဲ့ Smart Desktop Feature တွေလည်း ပါဝင်လာတယ်။ Battery က 5,000 mAh အကြီးစားဖြစ်ပြီး အားသွင်းစနစ်က 18W ပါ။

Vivo Z5i မှာ နောက်ဘက် Triple-cam အတွဲပါဝင်လာပြီး အဓိက 16MP f/1.78 Lens နဲ့အတူ 8MP Ultra-wide နဲ့ 2MP Macro ကင်မရာတွေ ပါဝင်လာပါတယ်။ ရှေ့ဘက်က Waterdrop Notch လေးထဲမှာတော့ 16MP f/2.0 Sensor တစ်ခု ထည့်သွင်းပေးထားတယ်။ Fingerprint ကတော့ နောက်ဘက်မှာပဲ တပ်ဆင်ထားပြီး Face Unlock လည်း ပါပါတယ်။

Glazed Black နဲ့ Jade Blue ကာလာနှစ်မျိုးဖြင့် ထွက်ရှိလာတဲ့ Vivo Z5i ဟာ တရုတ်ဈေးကွက်အတွင်းမှာတော့ ယွမ် ၁၇၉၈ (မြန်မာငွေ သုံးသိန်းကိုးသောင်းနီးပါး) သတ်မှတ်လာပါတယ်။

Ref – Gizmo China