Zawgyi

ၿပီးခဲ့တဲ့ေအာက္တုိဘာလအတြင္းမွာ Vivo ရဲ႕ေမာ္ဒယ္နံပါတ္ V1941A/T နဲ႔စမတ္ဖုန္းဟာ TENAA ေပၚကို ေရာက္လာခဲ့ဖူးပါတယ္။ ဒါေပမယ့္ အခုခ်ိန္ထိ တရားဝင္ေၾကညာလာတာကို မေတြ႕ရေသးပါဘူး။ ယေန႔မွာေတာ့ အဆုိပါ ဖုန္းကိုပဲ China Telecom ဝက္ဆုိက္ေပၚမွာ ထပ္ေတြ႕လာရၿပီး တရုတ္ေစ်းကြက္အတြင္းမွာ Vivo Z5i နာမည္နဲ႔ ထြက္ရွိလာမွာကို သိခဲ့ရပါတယ္။

Vivo Z5i စမတ္ဖုန္းဟာ ယြမ္ ၁၉၉၈ (ျမန္မာေငြ ေလးသိန္းသုံးေသာင္းဝန္းက်င္) က်သင့္မွာျဖစ္တယ္လို႔ အဆုိပါ ဝက္ဆုိက္ကပဲ ေဖာ္ျပထားပါတယ္။ ေလာေလာဆယ္မွာ ဒီဖုန္းနဲ႔ပတ္သက္ၿပီး တရားဝင္ထုတ္ေဖာ္မျပလာေသးတဲ့အတြက္ ေစ်းႏႈန္းကိုေတာ့ ထပ္ေစာင့္ၾကည့္ရဦးမွာပါ။

ဒီဖုန္းဟာ တရုတ္ေစ်းကြက္ကုိ ႏုိဝင္ဘာ ၁ ရက္ေန႔မွာ ေရာက္ရွိမယ္လို႔လည္း ေဖာ္ျပထားေပမယ့္ အဲဒီ့ရက္စြဲကို ေက်ာ္လြန္လာခဲ့တာ တစ္ပတ္ေက်ာ္ၿပီျဖစ္တာေၾကာင့္ မၾကာခင္ျမင္ရႏုိင္တယ္လို႔ပဲ ယူဆရပါတယ္။ တရုတ္ျပည္တြင္းမွာ Agate Black, Spar Blue နဲ႔ Jade Porcelain Green ဆုိၿပီး အေရာင္သုံးမ်ဳိးနဲ႔ထြက္ရွိလာမယ္လို႔လည္း သိရပါတယ္။

သူ႕မွာ Waterdrop Notch တစ္ခုနဲ႔ 6.53” လက္မ IPS LCD Display ပါဝင္မွာျဖစ္ၿပီး Full HD+ Resolution ရရွိမွာပါ။ အတြင္းမွာ Snapdragon 675 ခ်စ္ပ္ဆက္ကို အသုံးျပဳလာမွာျဖစ္ၿပီး မန္မုိရီက 8GB RAM/128GB Storage ျဖစ္ပါတယ္။ ဒါေပမယ့္ TENAA မွာထြက္ရွိခဲ့တုန္းကေတာ့ ကြဲျပားတဲ့ မန္မုိရီေရြးခ်ယ္စရာေတြလည္း ပါဝင္ခဲ့ပါတယ္။

LCD Display ျဖစ္တဲ့အတြက္ Fingerprint ကေတာ့ ေနာက္ဘက္ကိုယ္ထည္မွာ ထည့္သြင္းလာမွာပါ။ Android 9 Pie ကိုအေျခခံထားတဲ့ FunTouch OS 9.2 UI အသုံးျပဳရမယ္လုိ႔ ယုံၾကည္ရပါတယ္။ ဘကၳရီက 4,920 mAh ေတာင္ ျဖစ္ၿပီး 18W Fast Charging စနစ္နဲ႔ ျဖစ္ပါတယ္။

Vivo Z5i ရဲ႕ေရွ႕ဘက္မွာ 16MP Selfie ကင္မရာတစ္လုံးပါဝင္ၿပီး ေနာက္မွာ 16MP + 8MP + 2MP ကင္မရာ သုံးလုံးတြဲ ထည့္သြင္းထားတယ္။ အျပင္ပန္းဒီဇုိင္းနဲ႔ Specs ေတြက Vivo U3 နဲ႔ ဆင္တူေနပါတယ္။ ဒီဖုန္းႏွစ္လုံးမွာ အဓိက ကြာျခားတာက Vivo U3 မွာ 4/6 GB RAM နဲ႔ 64 GB Storage သာ ပါဝင္ခဲ့တာပါ။

Ref – Gizmo China

Unicode

ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာ Vivo ရဲ့မော်ဒယ်နံပါတ် V1941A/T နဲ့စမတ်ဖုန်းဟာ TENAA ပေါ်ကို ရောက်လာခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုချိန်ထိ တရားဝင်ကြေညာလာတာကို မတွေ့ရသေးပါဘူး။ ယနေ့မှာတော့ အဆိုပါ ဖုန်းကိုပဲ China Telecom ဝက်ဆိုက်ပေါ်မှာ ထပ်တွေ့လာရပြီး တရုတ်ဈေးကွက်အတွင်းမှာ Vivo Z5i နာမည်နဲ့ ထွက်ရှိလာမှာကို သိခဲ့ရပါတယ်။

Vivo Z5i စမတ်ဖုန်းဟာ ယွမ် ၁၉၉၈ (မြန်မာငွေ လေးသိန်းသုံးသောင်းဝန်းကျင်) ကျသင့်မှာဖြစ်တယ်လို့ အဆိုပါ ဝက်ဆိုက်ကပဲ ဖော်ပြထားပါတယ်။ လောလောဆယ်မှာ ဒီဖုန်းနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ဖော်မပြလာသေးတဲ့အတွက် ဈေးနှုန်းကိုတော့ ထပ်စောင့်ကြည့်ရဦးမှာပါ။

ဒီဖုန်းဟာ တရုတ်ဈေးကွက်ကို နိုဝင်ဘာ ၁ ရက်နေ့မှာ ရောက်ရှိမယ်လို့လည်း ဖော်ပြထားပေမယ့် အဲဒီ့ရက်စွဲကို ကျော်လွန်လာခဲ့တာ တစ်ပတ်ကျော်ပြီဖြစ်တာကြောင့် မကြာခင်မြင်ရနိုင်တယ်လို့ပဲ ယူဆရပါတယ်။ တရုတ်ပြည်တွင်းမှာ Agate Black, Spar Blue နဲ့ Jade Porcelain Green ဆိုပြီး အရောင်သုံးမျိုးနဲ့ထွက်ရှိလာမယ်လို့လည်း သိရပါတယ်။

သူ့မှာ Waterdrop Notch တစ်ခုနဲ့ 6.53” လက်မ IPS LCD Display ပါဝင်မှာဖြစ်ပြီး Full HD+ Resolution ရရှိမှာပါ။ အတွင်းမှာ Snapdragon 675 ချစ်ပ်ဆက်ကို အသုံးပြုလာမှာဖြစ်ပြီး မန်မိုရီက 8GB RAM/128GB Storage ဖြစ်ပါတယ်။ ဒါပေမယ့် TENAA မှာထွက်ရှိခဲ့တုန်းကတော့ ကွဲပြားတဲ့ မန်မိုရီရွေးချယ်စရာတွေလည်း ပါဝင်ခဲ့ပါတယ်။

LCD Display ဖြစ်တဲ့အတွက် Fingerprint ကတော့ နောက်ဘက်ကိုယ်ထည်မှာ ထည့်သွင်းလာမှာပါ။ Android 9 Pie ကိုအခြေခံထားတဲ့ FunTouch OS 9.2 UI အသုံးပြုရမယ်လို့ ယုံကြည်ရပါတယ်။ ဘက္ထရီက 4,920 mAh တောင် ဖြစ်ပြီး 18W Fast Charging စနစ်နဲ့ ဖြစ်ပါတယ်။

Vivo Z5i ရဲ့ရှေ့ဘက်မှာ 16MP Selfie ကင်မရာတစ်လုံးပါဝင်ပြီး နောက်မှာ 16MP + 8MP + 2MP ကင်မရာ သုံးလုံးတွဲ ထည့်သွင်းထားတယ်။ အပြင်ပန်းဒီဇိုင်းနဲ့ Specs တွေက Vivo U3 နဲ့ ဆင်တူနေပါတယ်။ ဒီဖုန်းနှစ်လုံးမှာ အဓိက ကွာခြားတာက Vivo U3 မှာ 4/6 GB RAM နဲ့ 64 GB Storage သာ ပါဝင်ခဲ့တာပါ။

Ref – Gizmo China