vivo X Fold2 ကို Geekbench မှာတွေ့လာရပြီ ဖြစ်ပြီး Snapdragon 8 Gen 2 နဲ့ 12GB RAM ထည့်သွင်းထားပါတယ်။ vivo X Fold2 ဟာ စွမ်းရည်မြင့် Foldable စမတ်ဖုန်း ဖြစ်ပါတယ်။

Vivo's X Fold2 drops by Geekbench with Snapdragon 8 Gen 2

vivo X Fold2 ကို တရုတ်မှာ ဧပြီလ ၂၀ ရက်နေ့ X Flip , Pad 2 တို့နဲ့အတူ ကြေညာမှာ ဖြစ်ပါတယ်။ စာအုပ်ပုံသဏ္ဍာန် X Fold2 ကို တခြား နိုင်ငံတွေမှာ ရောင်းချမလားဆိုတာ မသိရသေးပါဘူး။

vivo X Fold2 မှာ 8.03” Foldable E6 AMOLED မျက်နှာပြင်ကို အတွင်းဘက်နဲ့ 6.53” E6 AMOLED မျက်နှာပြင်ကို အပြင်ဘက်မှာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ မျက်နှာပြင် ၂ ခုစလုံးရဲ့ အောက်မှာ လက်ဗွေရာ ကိရိယာမြှုပ်နှံထားမှာ ဖြစ်ပါတယ်။

vivo X Fold2 unboxing confirms design, improved UI - GSMArena.com news

vivo X Fold2 ရဲ့ ကင်မရာတွေ အကြောင်းပြောရရင် 50MP IMX866 Main , 12MP IMX661 Ultrawide , 12MP 2x Zoom တွေ တပ်ဆင်ထားမှာပါ။ Selfie အတွက် 32MP ကင်မရာကို မျက်နှာပြင် ၁ ခုစီမှာ ထည့်သွင်းထားမှာပါ။

120W Wired နဲ့ 50W Wireless Charging ထောက်ပံ့တဲ့ 4,800mAh Battery ပါလာမှာ ဖြစ်ပါတယ်။ vivo က Hinge ကို အဆင့်မြှင့်ထားတဲ့အတွက် ၁၀ ရာခိုင်နှုန်း ပိုမိုပေါ့ပါးလာတယ်လို့ ပြောပါတယ်။

Ref : gsmarena